သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးတွင် ၆ ဘီးမော်တော် ယာဉ် ၃ စီးအား မသင်္ကာသဖြင့် လမ်းလုံခြုံရေးဆောင်ရွက်သော နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရာမှ တရားမဝင် ဘင်္ဂါလီလူမျိုး ၁၄၅ ဦးတို့ကို ဖမ်းဆီးရမိ

ဩဂုတ် ၁၁

      ယနေ့ နံနက် ၈ နာရီခွဲချိန်ခန့်တွင် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာနှင့် ကလိန်ပဒေါကျေးရွာ လမ်းလုံခြုံရေးဆောင်ရွက်သော နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ၆ ဘီးမော်တော် ယာဉ် ၃ စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ တရားမဝင် ဘင်္ဂါလီလူမျိုး ကျား ၁၂၇ ဦး၊ မ ၁၈ ဦး စုစုပေါင်း ၁၄၅ ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ အဆိုပါ နယ်မြေခံလုံခြုံရေးပူး ပေါင်းအဖွဲ့သည် လမ်းလုံခြုံရေးဆောင်ရွက်ပြီးပြန်အလာတွင် ဝဲခမီကျေးရွာအနီးသို့ရောက်ရှိစဉ် ရေးမြို့ နယ်ဘက်မှ မောင်းနှင်လာသည့် ၆ ဘီးမော်တော် ယာဉ် ၃ စီးအား မသင်္ကာသဖြင့် ရပ်တန့်ခိုင်းခဲ့ရာ ယာဉ်မောင်း အေးမောင်၊ ၂၈နှစ်၊ (ဘ)ဦးစိန်အေး၊ ဗမာ/ဗုဒ္ဓ၊ ၁၂/လကန(နိုင်)၂၂၅၆၀၁၊ မော့ကနင်ကျေးရွာ၊ လမိုင်းမြို့၊ ရေးမြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ်၊ 3N-8137၊ ၆ဘီးယာဉ် အမျိုးအစား အနီရောင်ကို လည်းကောင်း၊ အောင်ထက်၊ ၃၂နှစ်၊ (ဘ)ဦးကြည်၊ ဗမာ/ဗုဒ္ဓ၊ ၁၀/ကထန(နိုင်) ၁၅၇၆၃၀၊ လမိုင်းမြို့၊ ရေးမြို့ နယ်နေသူမောင်းနှင်သည့် ယာဉ်အမှတ်၊ 4K-4396 ၊ ၆ဘီးယာဉ်အမျိုးအစား အပြာရောင်ကိုလည်း ကောင်း၊ အောင်မြတ်ကို၊ ၂၃နှစ်၊ (ဘ) ဦးတင်အောင်ထွန်း၊ ဗမာ/ဗုဒ္ဓ၊ ၇/ကပက(နိုင်) ၁၃၅၄၇၇၊ မော့ကနင်ကျေးရွာ၊ ရေးမြို့နယ်နေသူမောင်းနှင်သည့် ယာဉ်အမှတ်၊ 6P-5262၊၆ဘီးယာဉ်အမျိုးအစား အပြာရောင်ယာဉ်ကိုလည်း ကောင်း စစ်ဆေးတွေ့ရှိရပြီး ယာဉ်ပေါ်အား ဆက် လက် ရှာဖွေခဲ့ရာမှ အဆိုပါအတိုင်း တရားမဝင် ဘင်္ဂါလီလူမျိုး ၁၄၅ ဦး တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

     ၎င်းနောက် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အဆိုပါ ဖမ်းဆီးရမိယာဉ်များဖြင့် ၎င်း ဘင်္ဂါလီလူမျိုးများကို တင်ဆောင်၍ သံဖြူဇရပ်မြို့၊ စက်သစ် ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ယာယီနေရာချထားပြီး စစ်ဆေးမေးမြန်းခြင်းများ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

       အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင်ဘင်္ဂါလီလူမျိုးများကို  အသေးစိတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်တွင်းမှ တရားမဝင်ဘင်္ဂါလီ ၁၈ နှစ်အထက် ကျား၂၉ ဦး၊ မ ၄ ဦး၊ ပေါင်း ၃၃ ဦး၊ ၁၈ နှစ်အောက် ကျား ၆၅ ဦး၊ မ ၁၂ ဦး၊ ပေါင်း ၇၇ ဦး၊ ၁၀ နှစ်နှင့် ၁၀ နှစ်အောက် ကျား ၅ ဦး၊ မ ၂ ဦး၊ ပေါင်း ၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်ဘင်္ဂါလီ ၁၈ နှစ်အထက် ကျား ၁၃ ဦး၊ ၁၈ နှစ်အောက် ကျား ၁၅ ဦး၊ ပေါင်း ၂၈ ဦးတို့ဖြစ်ပြီး ပြည်တွင်းမှ တရားမဝင်ဘင်္ဂါလီများအား လဝကအက် ဥပဒေပုဒ်မ-၆(၂)(၃)ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဘင်္ဂါလီ များအား လဝကအက်ဥပဒေ ပုဒ်မ-၁၃(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါ သည်။

#PAN