ရွှေကူမြို့နယ်၊ဗန်းမော် – မန္တလေးကားလမ်းပေါ်ရှိ ပန်းတင်လေးလမ်းဆုံတွင် အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့​များက အရပ်သားပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်ဖမ်းဆီး

ဩဂုတ် ၁၀

     ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်
ဗန်းမော် – မန္တလေးကားလမ်းပေါ်ရှိ ပန်းတင်
လေးလမ်းဆုံတွင် ယနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဗန်းမော်မြို့နယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ဆယ့်နှစ်ဘီးကုန်တင်ကားကို ပန်းတင်လမ်းဆုံတွင်ရှိနေသော အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့​များက ရပ်တန့်ခိုင်ရာ မရပ်တန့်သည့်အတွက် ‌လက်နက်ငယ်များဖြင့် ပစ်ခတ်ကြရာ ကားမှောက်သွားကြောင်းနှင့် လူ ထိခိုက်မှုလည်းရှိကြောင်း သိရပါသည်။

        ၎င်း ပန်းတင်လမ်းဆုံတွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့​များက ဂိတ်ဖွင့်ပြီး သွားလာသမျှကားများကို စစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်ကြောင်း၊ သြဂုတ်လ ၈ ရက်နေ့က ငါးဘတ်ကြီးကျေးရွာမှ ဦးဂျိမ်(ဘ)ဦးချမ်း(ပြင်ပရှေ့နေ လုပ်ကိုင်သူ)ကို ၎င်းမောင်းနှင်လာသောကားနှင့်အတူ ဖမ်းဆီးသွားကြောင်းကြားသိရပါသည်။

      ပန်းတင်လမ်းဆုံတွင်‌ရှိနေသော KIA နှင့် PDF များက ရွှေကူမြို့၊အမှတ်(၁)ရပ်ကွက်အတွင်ရှိ စစ်မှုထမ်းဟောင်များ၊ ရဲတပ်ဖွဲ့ဝင်‌ဟောင်းများအား ၀င်ရောက်ဖမ်းဆီးခြင်း၊အရပ်သားများကို သတ်ဖြတ်ခြင်းများရှိနေသောကြောင့် ပြည်သူများမှာ ထိပ်လန့်ကြောက်ရွံ့ပြီး စက်ဆုပ်မုန်းတီးနေကြကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါ သည်။

#PAN