ခင်ဦးမြို့နယ်တွင် အကြမ်းဖက် PDF များက အဆင့်မမှီသော လက်လုပ်စိန်ပြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ သာမဏေ တစ်ပါး ပျံလွန်တော်မူရ

ဩဂုတ် ၁၀

       စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာအတွင်းသို့ ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက လက်လုပ်စိန်ပြောင်းဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

ထိုသို့ ဗုံသီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အဆိုပါ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော သာမဏေ ရှင်ပညိန္ဒ၊ သက်တော် ၁၄ နှစ်၊ ဝါတော် ၅ ဝါ ကို ထိမှန်ခဲ့ကြောင်း၊ သာမဏေ ရှင်ပညိန္ဒ တွင် ဝဲဘက် ချိုင်းအောက် ဗုံးသီးစထိမှန်ဒဏ်ရာဖြင့် နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း အဆောက်အဦးမှာလည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

      ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် ၎င်းတို့၏ အဆင့်မမှီသော လက်လုပ်စိန်ပြောင်းများဖြင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ရွာများသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း များကြောင့် ယခုလို့ အပြစ်မဲ့ ရဟန်းသံဃာ၊ ပြည်သူများ မကြာခဏ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြရကြောင်း၊ ၎င်း အကြမ်းဖက် PDF များ၏ လုပ်ရပ်များကို ပြည်သူအများက ထောက်ခံခြင်းမရှိတော့ဘဲ စက်ဆုပ် ရွံရှာမုန်းတီးလာကြကြောင်း သိရပါသည်။

#PAN