မြိုင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် သားအဖနှစ်ဦးကို လူသတ်အကြမ်းဖက် PDF များက နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၉

          မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊အနောက်မြောက်ပိုင်း မြိုင်မြို့နှင့် ၂၅ မိုင်ခန့်အကွာ ဌေးအောင်ကျေးရွာ အုပ်ချုပ်ရေးမှုးဟောင်း ဦးမြင့်ရွှေ၊ ၆၀ နှစ် နှင့် ၎င်း၏သားဖြစ်သူ မောင်ဇော်နိုင်ဦး တို့ကို မြိုင်လူသတ်အကြမ်း ဖက်သမား PDFများက ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် ၎င်းတို့နေအိမ်သို့ လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်။

      ၎င်း သေဆုံးသူ ဦးမြင့်ရွှေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ပြီး အခြားဒေသသို့ တိမ်းရှောင်နေသည်မှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းမှာ လွန်ခဲ့သော ၃ ရက်ခန့်က အိမ်သို့ပြန်လာစဥ် ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခြင်းခံရခြင်း ဖြစ်သည်။

         မြိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခု နှင့် ပြည် သူ့စစ်ရွာ ၅ ရွာမှလွဲ၍ကျန်ရှိသော ကျေးရွာအုပ်စုပေါင်း ၇၃ အုပ်စုအား အကြမ်းဖက်များကကြီးစိုးထားကာ တစ်နေ့တစ်ခြားအကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခြင်း၊ လူနေအိမ်များအားချိပ်ပိတ်ခြင်း၊ NUG ကျောင်းများကို ပေါ်ပေါ်တင်တင်ဖွင့်လှစ်ကာ နိုင်ငံ တော်အစိုးရကို အတိအလင်း ဆန့်ကျင်နေသော မြို့နယ်ဖြစ်ကြောင်း၊ ၎င်း အကြမ်းဖက်သမား PDF များကို အမြစ်ပြတ်ချေမှုန်းပေးစေလိုကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည် ။