ပြည်ကြီးတံခွန်မြို့နယ်၊ ကွမ်းယာဆိုင်တစ်ဆိုင်တွင် တာဝန်သိပြည်သူ များ၏ သတင်းပေးပို့မှုအရ KIAသင်တန်းဆင်း အကြမ်းဖက် PDF တစ်ဦးကို ဖမ်းဆီးရမိ

သြဂုတ် ၉

        မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၅၂လမ်း၊၁၂၇ – ၁၂၈လမ်းကြားရှိ ကွမ်းယာဆိုင်တွင် KIAသင်တန်းဆင်း အကြမ်းဖက် PDF တစ်ဦးရောက်ရှိနေကြောင်း တာဝန်သိပြည်သူ များ၏ သတင်းပေးပို့မှုအရ ပုသိမ်ကြီးမြို့နယ် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က ယမန်နေ့တွင်
သွားရောက်စစ်ဆေးရာ ဝေယံမင်းထက်၊ ၃၈ နှစ်၊ (ဘ)ဦးတင်းဝင်း၊မြစ်ငယ်မြို့နေထိုင်သူကို အဆိုပါနေရာတွင် ဖမ်းဆီရမိခဲ့ကြောင်း သိရပါသည်။

      အဆိုပါ ဖမ်းဆီးရမိသော အကြမ်းဖက် PDF တစ်ဦးဖြစ်သည့် ဝေယံမင်းထက် သည် KIA အမှတ်စဥ် (၂ ) အကြမ်းဖက်သင်တန်းကို တက်ရောက်ခဲ့ပြီး NUG လက်ဝေခံ Zero ပြောက်ကျားအဖွဲ့၊ မတ္တရာမြေခွေးအဖွဲ့များနှင့် အဆက်သွယ် ရှိသည့်အပြင် စနိုက်ပါနည်းပြပါလုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကို သက်ဆိုင် ရာ အဖွဲ့အစည်းများက စစ်ကြောလျှက်ရှိကြောင်းနှင့် အကြမ်း ဖက်ဥပဒေအရ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN