ရွှေကူမြို့နယ် သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော စစ်ရေယဉ် ၃ စီး အပါအဝင် သင်္ဘော ၉ စီးကို အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက မြစ်တစ်ဖက်ကမ်းမှ ရှော့တိုက်ဒုံးများ၊ RPG များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

သြဂုတ် ၈

        ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ နယ် သင်္ဘောဆိပ်ကမ်းသို့  မန္တလေးမြို့ ဂေါဝိန် ဆိပ်ကမ်းမှ ၂၇ – ၇ – ၂၀၂၃ ရက်နေ့ကထွက်ခွါလာသော ပြဒါရှင်၊ ပြဒါပျံ၊ ပတိုင်း၊ ပင်လုံ၊ ပွင့်ဖြူ၊ ပုံညာ အမည်ရှိသော ကုန်တင်သင်္ဘော ၆ စီးနှင့် စစ်ရေယဉ် ၃ စီး၊ စုစုပေါင်း ၉ စီးသည် ယမန် နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

        အဆိုပါ သင်္ဘောများဆိပ်ကမ်းသို့ ကပ်ပြီးချိန်မှစ၍ သင်္ဘောများဆိုက်ကပ်ရာ တစ်ဖက်ကမ်းရှိ ဆင်တပ်ကျေးရွာမှ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သင်္ဘော ၉ စ်ီးရှိရာသို့ ရှော့တိုက်ဒုံးများ၊ RPG များ၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ရာ စစ်သင်္ဘောများနှင့် ကုန်းတင်သင်္ဘောများပေါ်ရှိ တပ်မတော်သားများကလည်း ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

      ” ပစ်ခတ်တိုက်ခိုက်တာက မနက် ၁၀ နာရီခွဲ
လောက်ကစပြီး ဖြစ်တာ၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်ထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားနေရတယ် ” ဟု မြို့ခံတစ်ဦးက PAN သို့ ပြောပြလာပါသည်။

       ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွင် သင်္ဘောများ နှင့်တပ်မ‌တော်သားများ ထိခိုက်မှုမရှိကြောင်း၊ညနေပိုင်းအချိန်ထိ ဆင်တပ်၊ရေလဲ၊မိုးစစ်၊ပေါက်ကုန်း၊သင်္ဘောအင်း ကျေးရွာများဘက်တွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၍ လက် နက်ကြီး/ငယ်သံများရွှေကူမြို့ပေါ်ကကြားနေရကြောင်း အဆိုပါ မြို့ခံ တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

         ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်မှ အငြိမ်းစာ တပ်မတော်သား တစ်ဦးနှင့် အငြိမ်းစားရဲတပ်ဖွဲ့ ၀င် တစ်ဦး တို့ကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များက သြဂုတ်လ ၅ ရက်နေ့နှင့် ၇ ရက်နေ့များမှာ ဖမ်းဆီးသွားကြောင်းလည်း ကြား သိရပါသည်။ ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ များအနေဖြင့် ထိုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်၊ မင်းမဲ့စရိုက်အကြမ်းဖက် ပြုမှုဆောင်ရွက်သော အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDFများ ကို ရွံရှာမုန်းတီးလျှက်ရှိကြောင်း ကြားသိနေရပါသည်။

#PAN