“အစ္စရေးနိုင်ငံလေတပ်၏ ဆီးရီးယားနိုင်ငံအပေါ် ပိုမို ပြင်းထန်လာသော လေကြောင်း တိုက်ခိုက် မှုများကြောင့် ဆီးရီးယား စစ်သည် ၄ဦးသေ ဆုံးခဲ့ရပြီး ၄ဦးဒဏ် ရာများ ရရှိခဲ့”

သြဂုတ် ၇

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ပြင်တွင် အစ္စရေးလေတပ်က ပစ်ခတ်မှုကြောင့် ဆီးရီးယားစစ်သား ၄ ဦးထိ သေဆုံးပြီး အခြား ၄ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ၏ ရုပ်သံ တီဗီ ချန်နယ် တစ်ခုဖြစ်သည့် Al-Ikhbariya တွင် အစောပိုင်းအချိန်က နိုင်ငံ၏ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ဒမတ်စကတ် အနီးတစ်ဝိုက်တွင် အစ္စရေးနိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုကို ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အစ္စရေးနိုင်ငံ လေတပ်သည် ယနေ့ သြဂုတ်လ ၇ရက် တနင်္လာနေ့နံနက်ပိုင်းက “ကျနော်တို့၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရန်လိုသူ၏ဒုံးကျည်များကို ကြားဖြတ် ပစ်ခတ်ခဲ့ပြီး အချို့ကိုပစ်ချနိုင်ခဲ့ပါတယ်။ အဆိုပါ(တိုက်ခိုက်မှု)ကြောင့် တပ်မတော်သား၄ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ နိုင်ငံပိုင် ပစ္စည်းများ ပျက်စီးသွားကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားပါတယ်။