မြောင်မြို့တွင် ကျောင်းဆရာတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက CDM မလုပ်ဟု စွပ် စွဲချက်ဖြင့် သတ်ဖြတ်ခဲ့

သြဂုတ် ၇

        စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့၊အလယ်ရပ်ကွက်နေ ဦးသိန်းနိုင်ထွန်း ကို ဩဂုတ်လ ၃ ရက်‌နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက CDM မပြုလုပ်သည့်အတွက်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သြဂုတ်လ ၄ ရက်နေ့တွင် ဦးသိန်းနိုင်ထွန်း ကို အကြမ်းဖက်များ သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

       ဦးသိန်းနိုင်ထွန်း သည် (အ.မ.က-၃ မူလွန်) ကျောင်းဆရာတဦးဖြစ်ပြီး နေအိမ်မှကျောင်းအနီးရှိ လ္ဘရည်ဆိုင်သို့အသွား လမ်းတွင်လူသတ်အကြမ်းဖက်PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ‌ကြောင်း၊ ၎င်းမှာ ယခင်ပြည်ခိုင်ဖြိုးလူမှု ရေးအသင်းကာလက မြို့နယ်အတွင်းရေးမှူးလုပ်ခဲ့ဖူးသူဖြစ်ကြောင်း၊ ဒေသခံများက ချစ်ခင်လေး စားသူတဦးဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့ပေါင်း ၄၀ ကျော်ရှိရာ မည်သည့်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရပါသည်။

          ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များက လုပ် ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များထဲမှ အယုတ်မာဆုံးလုပ်ရပ်မှာ တိုင်းပြည်၏ အနာဂါတ်ကလေးငယ်များ၏ ဘဝရပ်တည်ရေးအတွက် ပညာသင်ကြားရေးကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ယခုလို အပြစ်မဲ့ ကျောင်းဆရာတစ်ဦးကို CDM မလုပ်၍ဟူသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခြင်းသည် လူ့ယဥ်ကျေးမှုမရှိသော အရိုင်းအစိုင်းလုပ်ရပ်သာဖြစ်ကြောင်း၊ ဒေသခံပြည်သူများက အဆိုပါ လူသတ်အကြမ်းဖက်သမားများအပေါ် လွန်စွာရွံရှာမုန်းတီးနေကြကြောင်း သိရပါသည်။

#PAN