ဒုက္ခသည် လက်မှတ်ထုတ်ပေးရေးတွင် တင်းကျပ်မှုမရှိပါက မလေးရှားနိုင်ငံ၌ UNHCR ၏ ရပ်တည်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

(နိုင်ငံတကာ) ဇူလိုင် ၂၉                              

   ဒုက္ခသည် လက်မှတ်များ ထုတ်ပေးရာတွင် ပိုမိုတင်းကျပ်သော စိစစ်မှုများ မပြုလုပ်ပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အား နိုင်ငံအတွင်း ဆက်လက်လည်ပတ်ခွင့်ပြုသင့်ခြင်း ရှိမရှိကို မလေးရှားနိုင်ငံအနေဖြင့် ပြန်လည်စဥ်းစားသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ပြောကြား လိုက်သည်။

     ပီနန် (Penang) ပြည်နယ်ရှိ ၎င်းတို့၏ နေအိမ်များမှ နှင် ထုတ်ခံရပြီးနောက် အကူအညီရယူရန် ကွာလာလမ်ပူမြို့ရှိ UNHCR ရုံးရှေ့တွင် စုရုံးခဲ့ကြသည့် ဘင်္ဂါလီ ခိုလှုံခွင့်တောင်းခံသူ အယောက် ၁၀၀ ကျော်ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တစ်ရက်အကြာတွင် နိုင်ငံပိုင် မီဒီယာများက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။               

    ဒုက္ခသည်များအတွက် စိစစ်သည့် လုပ်ငန်းစဥ်ကို UNHCR နှင့် ပြည်တွင်းအာဏာပိုင်များ ပူးပေါင်း၍ ဆောင်ရွက်ရန် ပြည် ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးက ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တင်း ကျပ်တဲ့ စိစစ်မှုကို လိုချင်ပါတယ်။ အကယ်၍ သူတို့သာ မပူး ပေါင်းချင်ဘူးဆိုရင် ကျွန်တော်တို့ ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် နိုင်ငံအတွင်းမှာ UNHCR ရပ်တည်နေမှုကို ပြန် လည်စဥ်းစားရမယ့် အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်” ဟု နိုင်ငံပိုင် ဘားနာမာ (Bernama) သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ထို့အပြင် UNHCR ရုံးသည် အွန်လိုင်းမှတစ်ဆင့် လျှောက် ထားမှုကို ခွင့်ပြုပြီး မလေးရှားသို့ ရောက်ရှိလာချိန်တွင် ကတ်ထုတ်ပေးနေခြင်းက ဒုက္ခသည်များကို ပိုမိုဆွဲဆောင်နေသကဲ့သို့ ဖြစ်စေကြောင်းလည်း ဝေဖန်ခဲ့သည်။    

   ဖမ်းဆီးခံထားရသူများတွင် တရားဝင် UNHCR စာရွက်စာ တမ်းများ ပါရှိကြပြီး ယာယီခိုလှုံခွင့်ပေးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ကုလသမဂ္ဂ အေဂျင်စီကလည်း အဆိုပါ ဘင်္ဂါလီများကို ကာကွယ်ရန်နှင့် သင့်လျော်သော နေထိုင်စရာနေရာများသို့ ပြောင်းရွှေ့ပေးနိုင်ရန် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

   အဆိုပါ ဘင်္ဂါလီများအတွက် မလေးရှားနိုင်ငံသည် ကာလရှည်ကြာစွာ ခိုလှုံရာတစ်ခု ဖြစ်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘော တူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ဖေဖော်ဝါရီလ စာရင်းများအရ မွတ်ဆလင်ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့်မှာ UNHCR တွင် စာရင်းပေးသွင်းထားကြသည်။

    သို့သော် လတ်တလော အွန်လိုင်းပေါ်ရှိ မုန်းတီးရေးစကားများနှင့် သတင်းမှားများကြောင့် ၎င်းတို့မှာ ပိုမိုစစ်ဆေးမှုများနှင့် နှောင့်ယှက်မှုများကို ရင်ဆိုင်နေရသည်။ အမ်နက်စ်တီ အင်တာနေရှင်နယ် (Amnesty International) အဖွဲ့၏ မလေးရှားရုံးခွဲကလည်း ဒုက္ခသည်များကို ဖမ်းဆီးထိန်း သိမ်းခြင်းနှင့် နှင် ထုတ်ခြင်းထက် လူ့ဂုဏ်သိက္ခာနှင့်အညီ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ဆက်ဆံရန် တိုက်တွန်းပြောဆိုထားသည်။

Telegram»…  https://t.me/positiveanglenews

#PAN