နွားထိုးကြီးမြို့နယ်၊ မြင်းခြံ – ရေဝန်းသွားကားလမ်းမဘေးတွင် အမည်မသိ အမျိုးသားနှစ်ဦးကို လူသတ်အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့

သြဂုတ် ၇

        ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ – ရေဝန်းသွားကားလမ်းမဘေး၊မီးသတ်မျှော်စင်၏အနောက်ဘက်၊ မင်းစုံတောင် (ဘေးမဲ့တောအစပ်)ရေချိုင့်တွင် အမျိုးသားအလောင်းနှစ်လောင်းတွေ့ရှိကြောင်း သတင်းအရ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ အမည်နေရပ်/ လိပ်စာ(စုံစမ်းဆဲ)အသက် ၆၀ နှစ်ခန့်၊ ခဲပုတ်ရောင် ကျားဝတ်တီရှပ်အင်္ကျီနှင့် နီညိုရောင်ကွပ်စိပ်ပုဆိုးဝတ်ဆင်ထားသည့် အမျိုးသား ၁ ဦးတွင်လည်ဂုတ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးထိပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် အမည်နေရပ်/လိပ်စာ(စုံစမ်းဆဲ) အသက် ၅၂ နှစ်ခန့်၊ မီးခိုးစိမ်းခဲရောင်ပျောက်ကျားအင်္ကျီ၊ ကာကီရောင်ဘောင်း ဘီတို ဝတ်ဆင်ထားသည့် အမည်မသိ အမျိုး သား ၁ ဦးတွင် ဝဲဘက်နားထင်ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ လည်ဂုတ် ဝဲဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် မျက်နှာတွင် Maskများတပ်ဆင်ပြီးနိုင်လွန်ကြိုး(စိမ်းပြာရောင်ကြိုး) ဖြင့်တုပ်နှောင်ထားရှိပြီး ပက်လက်လှန်အနေအထားဖြင့် လဲကျသေဆုံးနေကြောင်း သိရပါသည်။

     အဆိုပါ အမည်မသိ အမျိုးသားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးလျှက်ရှိပြီး ၎င်းတို့ကို သတ်ဖြတ်သွားသည့် အကြမ်းဖက် သမားများကို ဖမ်းဆီးရမိရေး အခင်းဖြစ်အနီးပတ်ဝန်းကျင်နေရာများကို နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစုံစမ်းနယ်မြေရှင်းလင်းရေးလျက်ရှိကြောင်း နှင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN