ကလေးဝမြို့နယ်၊အောင်ချမ်းသာကျေးရွာအနီးတွင် လုံခြုံရေးပူး ပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရာ CDF/PDF အကြမ်းဖက်သမားများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွား

သြဂုတ် ၆

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းအုပ်စု၊ အောင်ချမ်းသာကျေးရွာရဲကင်းစခန်းကို အကြမ်းဖက်သောင်းကျန်းသူ CDF/PDF များက ယမန်နေ့ နံနက် ၅ နာရီမှ စတင်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း သိရသည်။

     ၎င်းနောက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အောင်ချမ်းသာကျေးရွာအနီးတွင် လုံခြုံရေးပူး ပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရာ CDF/PDF အကြမ်းဖက် သမားများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      ထိုသို့ တိုက်ပွဲဖြစ်ပွားရာ CDF/PDF အကြမ်းဖက် သမား ၂ ဦးကို  AK ကျည်အိမ် ၈ ခု၊ AK ကျည်  ၃၀၀ တောင့်၊ MG-1 လက်ပစ်ဗုံး  ၁ လုံး၊ လက်လုပ်လက်ပစ် ဗုံး ၁ လုံး၊ အိုင်ကွန်အားသွင်းခုံ ၂ ခု၊ ဖုန်း ၁ လုံးတို့နှင့်အတူ အသေဖမ်း ဆီးရမိခဲ့ကြောင်း သတင်းရရှိပါ သည်။

#PAN