လပွတ္တာမြို့နယ်၊ကိုင်းသောင်ကျေးရွာနှင့် (၄)မိုင်ခန့်အကွာ  ကပ္ပလီပင်လယ်ပြင်၌ ဘင်္ဂါလီလူမျိုးအင်အား ၇၀ ခန့်ပါသောစက်လှေအားဖမ်းဆီး

သြဂုတ် ၄

     ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာနှင့် (၄)မိုင်ခန့်အကွာ  ကပ္ပလီပင်လယ်ပြင်၌ လပွတ္တာပိုးလောင်းရေတပ်စခန်းနှင့် နယ်မြေခံတပ်ရင်း
တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘင်္ဂါလီလူမျိုးအင်အား ၇၀ ခန့်ပါသောစက်လှေအားဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

      အဆိုပါ ပူပေါင်းအဖွဲ့က ဖမ်းဆီးရမိသည့် ဘင်္ဂါလီများ တင်ဆောင်လာသည့် စက်လှေတစအား ပိုးလောင်းကျေးရွာသို့ ဒေသခံငါးဖမ်းစက်လှေဖြင့် ဆွဲယူဖမ်းဆီးခေါ်ဆောင်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် ပိုလောင်းကျေးရွာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းစက်လှေပေါ်တွင် ဘင်္ဂါလီ ကျား ၆၇ ဦး၊ မ ၅ ဦး၊စုစု ပေါင်း ၇၂ ဦး ပါရှိကြောင်း၊ စက်လှေမှာ အလျား ၆၀ ပေ၊ အနံ ၁၆ ပေ၊ ဇောက် ၁၀ ပေ၊ သစ်သားကိုယ်ထည်၊ ကားစက် ၄ လုံးထိုးဖြစ်ကြောင်း သိရသည်။

        ၎င်းတို့အား  ပိုးလောင်းဆိပ်ကမ်းတွင် ပူး ပေါင်းအဖွဲ့မှ မေးမြန်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ၇၂ ဦးသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  မလေးရှားနိုင်ငံသို့သွားရောက်ရန်  ထွက်ခွာလာခြင်းဖြစ်ပြီး စက်ပျက်၍ ပင်လယ်၌ မျောနေသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်းနှင့်  ပင် လယ်ပြင်၌ စက်လှေအားကျောက်ချရပ်နားထားစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN