ရိုနယ်ဒို ကယ်တင် လိုက်တဲ့ အယ်လ်နက်ဆာ

ဩဂုတ် ၄

     အခုညကစားသွားတဲ့ ပွဲမှာ အယ်လ်နက်ဆာ အသင်းဟာ အီဂျစ်ကလပ် ဇာမာလက် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး အာရပ်ကလပ် ချန်ပီယံဖလား ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ထွက်ရဖို့ နီးစပ်နေရာကနေ ရိုနယ်ဒို ရဲ့ ခြေပဂိုးကြောင့် နောက်တဆင့်ကို တက်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။

    အယ်လ်နက်ဆာ ဟာ အခုပွဲကို သရေကျရုံနဲ့ နောက်တဆင့် တက်နိုင်မှာ ဖြစ်ပေမယ့် အီဂျစ်ကလပ်ရဲ့ ဦးဆောင်ဂိုးကြောင့် ရုန်းကန်ခဲ့ရပါတယ်။     အယ်လ်နာဆာအသင်းက မော်ရိုကိုကလပ် Raja(လက်ရှိချန်ပီယံ)အသင်းနဲ့ ကွာတားမှာ ဆက်လက် ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီနွေမှာ ပြင်ဆင်မှုတွေ အားကောင်းနေတဲ့ အယ်လ်အစ်တီဟတ် နဲ့ အယ်လ်ဟီလာတို့လည်း ထိပ်တိုက် တွေ့ဆုံနေပါတယ်။