“အမေရိကန် သမ္မတ က ၎င်းတို့နိုင်ငံ၏ လွှတ်တော် ကွန်ဂရက်သို့ ယူကရိန်းနိုင်ငံအား ထောက်ပံ့နေသော နိုင်ငံတော် ဘတ်ဂျက်များ ထဲမှ ထိုင်ဝမ်နိုင်ငံကို ထောက်ပံပေးပို့နိုင်ရေး အတွက် တောင်းဆိုဖွယ်ရှိနေ”

သြဂုတ် ၂

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ရုရှား-ယူကရိန်း စစ်ပွဲများအတွင်း ယူကရိန်းအတွက်ထောက်ပံ့ပေးနေသော နိုင်ငံတော် ဘတ်ဂျက်များထဲမှ ထိုင်ဝမ်နိုင်ငံသို့ စစ်လက်နက်များ ပေးပို့ထောက်ပံ့နိုင်ရန် အမေရိကန် ကွန်ဂရက်ကို တောင်းဆိုလိမ့်မည်လို့ Financial Times သတင်းဌာန၏ အဆိုရသိရပါတယ်။

အဆိုပါ တောင်းဆိုချက်သည် ပေကျင်း(တရုတ်) ထံမှ ထိုင်ဝမ် အား ခြိမ်းခြောက်မှု ကြီးထွားလာနေချိန်တွင် ထိုင်ဝမ်နိုင်ငံ သို့ လက်နက်များ ပေးပို့မှု အရှိန်မြှင့်ရန် ရည်ရွယ်ထားခြင်းလည်းဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသားထားပါတယ်။

ထို့နောက် အမေရိကန် ကွန်ဂရက်လွှတ်တော်မှ အတည်ပြုလိုက်ပါက ထိုင်ဝမ်နိုင်ငံသည် အမေရိကန်အခွန်ထမ်းများ ထောက်ပံ့ သည့်စနစ်ဖြင့် ပထမဆုံးအကြိမ် လက်နက်များ လက်ခံရရှိတော့မည်ဖြစ်ပြီး အစောပိုင်းကာလများတွင်လည်း အမေရိကန် အစိုးရ သည် ကိယက်ဗ်(ယူကရိန်း) အစိုးရထံ ထောက်ပံ့ပေးပို့နေသည့် စစ်လက်နက် ထောက်ပံ့ရေးကွင်းဆက်အောက်တွင် ထိုင်ဝမ်သို့ လက်နက်များ လွှဲပြောင်းပေး ခြင်းများ လည်းရှိခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

ယူကရိန်းအတွက် ဖြည့်စွက်ဘတ်ဂျက် တောင်းခံမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုင်ဝမ်အတွက် လက်နက်များ ရန်ပုံငွေများ ပေးနိုင်ရန် သမ္မတ ဂျိုးဘိုင်ဒင်က ကွန်ဂရက်ကို တောင်းဆိုရန် ရည်ရွယ်ထားကြောင်း အမေရိကန် မီဒီယာများကလည်း ဖော်ပြထားကြပြီး အမေရိကန် အိမ်ဖြူတော်က တရုတ်၏ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုများ ကြီးထွား လာနေချိန်တွင် ထိုင်ဝမ်သို့ လက်နက် များ ပေးပို့မှု အရှိန်မြှင့်ရန် တောင်းဆိုကြောင်း အိမ်ဖြူတော် အစီရင်ခံစာတွင်လည်း ဖော်ပြ ပြောဆိုထားပါတယ်။