အင်တာမိုင်ယာမီအသင်းသို့ ဂျော်ဒီ အယ်လ်ဘာ ပြောင်းရွှေ့

ဩဂုတ် ၂

    စပိန်ဝါရင့်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာဟာ အင်တာမိုင်ယာမီအသင်း သို့ တရာ၀င်းပြောင်းရွှေ့ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း  သြဂုတ်လ ၁ ရက်က အင်တာမိုင်ယာမီအသင်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါတယ်။

    (အသက်၃၄နှစ်) အယ်လ်ဘာ ဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၄ မေဂျာလိဂ်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။

    စပိန်ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာဟာ အင်တာမိုင်ယာမီတွင် အသင်းဖော်ဟောင်း စူပါစတား လီယိုနယ် မက်ဆီ နဲ့ ဆာဂျီယို ဘူစကတ် တို့နဲ့ ပြန်လည်လက်တွဲရမည်ဖြစ်ပါတယ်။

Photos: Inter Miam