တီးတိန်မြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးရုံပိုင် မော်​​​တော်ယာဥ်ကို စိစစ်ဆဲအကြမ်းဖက်အဖွဲ့က လက်နက်အားကိုးဖြင့် သိမ်းဆည်းယူ​ဆောင်

သြဂုတ် ၂

        ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ချင်း ပြည်နယ်၊ တီးတိန်မြို့၊ ပြည်သူ့ဆေးရုံတွင် အမည်မသိလက်နက်ကိုင်အဖွဲ့​ရောက်ရှိလာပြီး(စိစစ်ဆဲ) ပြည်သူ့​ဆေးရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ
များတွင် ​နေထိုင်လျက်ရှိ​သော ​ဆေးရုံအုပ်ဦးဝင်းဖြိုး​အောင် မှ ထိန်းသိမ်းထားရှိ  သည့် ​ဆေးရုံပိုင် Hilux ​မော်​​​တော်ယာဥ်ကို လက်နက်အားကိုးဖြင့် သိမ်းဆည်းယူ​ဆောင် သွားကြောင်း သိရပါသည်။

        တီးတိန်မြို့နယ်အတွင်း၌ Zoland PDF ၊ CDF Siyin ၊ ZRA ၊ CDF Hualngoram ၊Eagle Mountain စသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၅ ဖွဲ့ရှိရာ မည်သည့်အဖွဲ့က သိမ်းယူသွား​သည်ကို စုံစမ်းစစ်​ဆေးလျက်ရှိ​ကြောင်း သတင်းရရှိပါသည်။

#PAN