နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၃) ဖြင့် ပြည် ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်း

သြဂုတ် ၁

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၃) ဖြင့် ပြည် ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ယနေ့ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်၊
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဥက္ကဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဥက္ကဌ တို့ အပါအဝင် အဖွဲ့ဝင် ၁၉ ဖြင့် ဖွဲ့စည်းထားသည်။

      ”ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကိုရှေးရှုလျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်” ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။