ဇေယျာသီရိမြို့နယ်၊ကျည်တောင်ကျေးရွာ ပေါင်းလောင်းဆိပ်ကမ်းသာတွင် အရက်သောက်စားပြီး အပျော်စီးလှေစီးနင်းစဥ် အမျိုးသမီး တစ်ဦး ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံး

သြဂုတ် ၁

       ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့် တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ ကျည်တောင်ကျေးရွာ ပေါင်းလောင်းဆိပ်ကမ်းသာ စားသောက်ဆိုင် အနီးတွင် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ Golden horse အလှပြုပြင်ရေးဆိုင်တွင်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသော  မမျိုးပပချို၊၃၁ နှစ်၊(ဘ)ဦးမြင့်ဝေ၊ မသိဂီနိူင်၊၂၃ နှစ်၊(ဘ)ဦးနိူင်အေး၊ မခိုင်သဇင်ဦး၊၂၉နှစ်၊ (ဘ)ဦးမြင့်လှိုင်၊ မသင်းယုဇနလှိုင်၊၂၂ နှစ်၊ (ဘ)ဦးအောင်လွင် တို့သည် အတူ အရက် သောက်စားပြီး ပေါင်းလောင်းမြစ်အတွင်း အပျော်စီးလှေ စီးနင်း၍ သွားရောက်စဥ် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မမျိုးပပချို သည် အမူးလွန်ပြီးလှေပေါ်မှပြုတ်ကြရေနစ်မြုပ်ခဲ့ပါသည်။

        ကျည်တောင်ကျေးရွာမှ ရေငုတ်ကျွမ်းကျင်သူများဝိုင်းဝန်းရှာဖွေခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် အသက်သေဆုံးလျှက်တွေ့ရှိခဲ့ပြီး နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကျည်တောင်ကျေးရွာနာရေးကူညီမှုကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN