“ယူကရိန်း-ရုရှား စစ်ပွဲများအတွင်း တရုတ်နိုင်ငံ သည် ရုရှားနိုင်ငံ၏ စိီးပွားရေးဆိုင်ရာ အသက် သွေးကြောအဖြစ်ရပ်တည်နေကြောင်း အမေရိကန် ထောက်လှမ်းရေး ဌာနက ထောက် ပြပြောဆ်ိုထား”

ဇူလိုင် ၂၈

အနောက် အုပ်စု များ၏ ရုရှားနိုင်ငံအား ဒဏ်ခတ် ပိတ်ဆို့မှုများကြားတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအတွက် စီးပွားရေးအသက်သွေးကြောအဖြစ်ရပ်တည်နေ​ကြောင်း US Intel ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြပြောဆိုထားပါတယ်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေး ဆောင်ရွက် မှုများအပေါ် အနောက်နိုင်ငံများက ချမှတ်ထားသော မော်စကို (ရုရှား) ဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှု၏ အကျိုးသက်ရောက်မှုကို ကန့်သတ် နိုင်ရန်အတွက် တရုတ်-ရုရှား နှစ်နိုင်ငံ ဆိုင်ရာ စီးပွားရေး ဆက်ဆံမှု များက အထောက်အကူ ဖြစ်နေပါတယ်လို့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားတာ လည်းဖြစ် ပါတယ်။

“ဘေဂျင်း(တရုတ်) အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုနှင့် ပို့ကုန်ထိန်းချုပ်များ ဆိုင်ရာ အကျိုးသက်ရောက်မှုကို လျော့ပါးစေ မည့် ရုရှားအတွက် စီးပွားရေးဆိုင်ရာ အထောက်အကူပေးရေး ယန္တရားအမျိုးမျိုးကို လုပ်နေပါတယ်”လို့ အဆိုပါ အစီအရင်ခံစာတွင် မှတ်ချက်ပြုဖော်ပြထားတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ စွမ်းအင် ကုန်သွယ်ရေးဆိုင်ရာ တင်သွင်းမှုကို မြှင့်တင်ခဲ့ပြီး ရုရှားနိုင်ငံမှ ရေနံစိမ်း ရွှေ့ပြောင်းတင်သွင်းနိုင် ရန်အတွက် ရေနံတင်သင်္ဘောများနှင့် အာမခံ များစွာ အကျုံးဝင်သည့် ကုန်သွယ်မှုများစွာတို့ကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ အစီရင်ခံစာတွင် ထပ်လောင်း ဖော်ပြထားပါသေးတယ်။

ရုရှား-တရုတ် နှစ်နိုင်ငံ စလုံးသည် “ယွမ်ငွေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုဝေစုကို တိုးမြင့်စေခဲ့ပြီး ၎င်းတို့၏ပြည်တွင်းငွေပေးချေမှုစနစ်များအသုံးပြုမှုကို ချဲ့ထွင်ခြင်းများ အပါအဝင် ရုရှားစီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများသည် အနောက်နိုင်ငံများ၏ စီးပွားရေး ကြားဖြတ် ဟန့်တားမှုများကို ကျော်လွှာပြီး ငွေကြေး လွှဲပြောင်းမှုများလုပ်ဆောင်နိုင်စေရန် ကူညီပေးခဲ့တယ်လို့ အမေရိကန် ထောက်လှန်း ရေးဌာန၏ အစိီရင်ခံ စာတွင် ဖော်ပြ​ထားပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆ်ိုထားကြပါတယ်။