ဘိုကလေးမြို့နယ်၊သရော်ချောင်းကျေးရွာအုပ်စု၊ဘောဂဝတီကျေးရွာနေသူ ရွာသားတစ်ဦး ချောင်းအတွင်း ငါးဖမ်းပိုက်သွားဖော်စဥ် မိချောင်းဆွဲခံရ

ဇူလိုင် ၂၇

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊သရော်ချောင်းကျေးရွာအုပ်စု၊ဘောဂဝတီကျေးရွာနေ ဦးရဲနောင်၊ ၃၅ နှစ်၊ (ဘ) ဦးခင်ငြိမ်း သည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင်ဘောဂတီကျေးရွာ၊ နှာကြီးချောင်းအတွင်း ၄င်းထောင်ထားသည် ငါးဖမ်းပိုက်သွားဖော်စဥ် မိချောင်းဆွဲသွားကြောင်း သတင်းရရှိပါသည်။

       ဦးရဲနောင်၏  အလောင်အား ရွာသားများက လိုက်လံရှာဖွေသော်လည်း ယခုအချိန်အထိ ရှာမတွေ့သေးကြောင်း၊ အဆိုပါ မြစ်ဝကျွန်းပေါ်ရှိချောင်းများတွင်မိချောင်းပေါများကြောင်း၊ သရော်ချောင်းကျေးရွာအုပ်စု၊ဘောဂဝတီကျေးရွာတွင် နှစ်စဥ် မိချောင်းဆွဲခံရကြောင်း သိရပါ သည်။

#PAN