“မြောက်ိုရီးယားနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် မျိုးချစ် လွတ်မြောက် ရေးစစ်ပွဲ နှစ်၇၀ပြည့် အခမ်းအနား သို့ ရုရှားကာကွယ်ရေးဝန်ကြီး နှင့်အတူ ကိုယ်စားလှယ်တော်အဖွဲ့ဝင် များ ပါဝင် တက်ရောက်”

ဇူလိုင် ၂၆

ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ဦးဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၅၀-၁၉၅၃ ခုနှစ် စစ်ပွဲ အောင်ပွဲနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲအတွက် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ် မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်သည် ရုရှားနှင့် မြောက် ကိုရီးယားကြား နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုများ ပိုမို အားကောင်း လာစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များ နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာ မည်ဖြစ်ကြောင်းရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။