“နယ်ခြားစည်းမျဥ်းများ ကြီးကြပ် မှုဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်ပြီး အမေရိကန် တရားရေးဌာန က တက္ကဆက်ပြည်နယ် အစိုးရအဖွဲ့အား တရားစွဲဆိုထား”

ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နေ့ တနင်္လာနေ့တွင် မြောက်အမေရိကတိုက်ရှိ Rio Grande မြစ်ဧရိယာများကို တားဆီးထားသော ဗော်ယာ ( သင်္ဘောသားများအတွက် ရေလမ်းညွှန် သို့မဟုတ် သတိပေးရန်၊ နစ်မြုပ်နေသော အရာဝတ္ထုများ၏ တည်နေရာကို အမှတ်အသား ပြုရန် သို့မဟုတ် ကျောက်ချရပ်နားခြင်းအစား သင်္ဘောများပေါ်တွင် ကျောက်ချရပ်နားရန် သတ်မှတ်ထားသော တည်နေရာ) အတားအဆီးများ နှင့်ပတ်သက်ပြီး Texasပြည်နယ် ၏အုပ်ချုပ်ရေးမှူး Greg Abbott ကို အမေရိကန် သမ္မတ Joe Biden အုပ်ချုပ်ရေး အဖွဲ့က တရားစွဲခဲ့ တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဗော်ယာများသည် မက္ကဆီကိုမှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများကို တားဆီးနိုင် ရန် ရည်ရွယ်ထား ခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် သတင်းဌာနများ ၏အစီရင်ခံချက်များအရ အဆိုပါ တရားစွဲ ဆိုမှုသည် မြစ်အတွင်း အတားအဆီး များနေရာချထားခြင်းများအား ဖယ်ရှားခဲ့သည့်Texas ပြည်နယ် ၏ တာဝန်ရှိသူများသည် “၎င်းတို့ကိုယ်ပိုင်စရိတ်နှင့် ကုန်ကျစရိတ်ဖြင့် အတားအဆီးများကို ဖယ်ရှားရန်” အမိန့်ပေးခဲ့ခြင်း ကြောင့်လည်း ဖြစ်ပါတယ်လို့ဖော်ပြပြောဆိုထားကြပါတယ်။