“မွတ်ဆလင်ဘာသာ ကုရ်အာန်ကျမ်း နှင့် အီရတ်နိုင်ငံအလံတို့ကို မိီးရှို့ဖျက်ဆီးခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ယီမင်နိုင်ငံ Sana’a မြို့တွင် ပြုလုပ်ခဲ့ကြ”

ဇူလိုင် ၂၅

ဆွီဒင်နှင့် ဒိန်းမတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် ကြွေးကြော်သံများ နှင့် ဆိုင်းဘုတ်များ ကို ကိုင်ဆောင်ကာ ဆန္ဒပြသူ မွတ်ဆလင်များက ၎င်းတို့၏ မွတ်ဆလင် ဘာသာကို တောင်းပန်ကြရန် ဆွီဒင် နှင့် ဒိန်မတ် နိုင်ငံများမှ အစိုးရများကို တောင်းဆိုခဲ့ ကြတာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက အစ္စလာမ်နဲ့ မွတ်ဆလင် တွေကို မုန်းတီးမှုတွေ ရှိနေတယ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုမှုတွေလည်း အဆိုပါ ဆန္ဒပြပွဲတွင် ကြွေးကြော် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပါသေးတယ်။

လက်ယာစွန်း ဒိန်းမတ်လူမျိုး Danske Patrioter အဖွဲ့မှ ဆန္ဒပြသူ ၂ဦးတို့ကလည်း ပင်ဟေဂင်မြို့ရှိ အီရတ်သံရုံးရှေ့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က မွတ်ဆလင် ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး အီရတ် နိုင်ငံဘဂ္ဂဒက်မြို့ရှိ ဆွီဒင်နိုင်ငံ သံရုံးကို စီးနင်းတိုက်ခိုက်ခြင်းအား ဆန့်ကျင် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က ရာနှင့်ချီ ဒေါသထွက်နေကြသော မွတ်ဆလင် ဘာသာဝင်ဆန္ဒပြသူများက ဝင်ရောက်စီး နင်းခဲ့ကြပြီးနောက် ဆွီဒင်မြို့တော် စတော့ဟုမ်းတွင် ကုရ်အာန်ကျမ်း နှင့် အီရတ်အလံကို မီးရှို့ခြင်းအား ဆန့်ကျင် ကန့်ကွက်သည့် ထောင်နှင့်ချီသော ဆန္ဒပြပြည်သူများက ယီမင်နိုင်ငံ၏ မြို့တော် Sana’aမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်နေ့က ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။