ထန်းတပင်မြို့နယ်တွင် လင်မယားစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မ်သုံးကြက်သွန်လှီးဓားဖြင့်ထိုးသွင်းခဲ့ရာမှ သေဆုံးမှုဖြစ်ပွား

ဇူလိုင် ၂၂

     ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာနေသူများ ဖြစ်ကြသော ဒေါ်စန္ဒာအေး၊ ၅၅ နှစ်၊(ဘ)ဦးသန်း၊ မပတ-ရှိ(မမှတ်မိ)၊ ခြံလုပ်၊ ဗမာ/ဗုဒ္ဓသည် ခင်ပွန်းဖြစ်သူ ဦးသန်းဇော် နှင့် စကားများရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကို အိမ်သုံးကြက်သွန်လှီးဓားဖြင့်ထိုးသွင်းခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ သေဆုံးသူ၏ သမီးဖြစ်သူ မဂျူးဂျူးစံ၊ ၂၆ နှစ်၊ (ဘ)ဦးသန်းဇော်၊ မပတ-ရှိ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ စောင်၊ ရခိုင်ရိုးကြီးကျေးရွာ၊
ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်နေသူသည် နေအိမ်အိပ်ခန်း၌ အိပ်ပျော်နေစဉ် မောင် တော်စပ်သူ မောင်အောင်သူထက်မှ လာကြပါအုံး သွေးတွေနဲ့ဟု အော်သံကြား၍ နေအိမ်အိပ်ခန်းအတွင်းမှထွက်လာစဥ် နေအိမ်ရှေ့ခန်းတွင် ဖခင်ဖြစ်သူ ဦးသန်းဇော်အား ရင်ဘက်တွင်သွေးထွက်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရပြီး
အခြေအနေအားမေးမြန်းရာ မိခင်ဖြစ်သူ ဒေါ်စန္ဒာအေး နှင့် ဖခင်ဖြစ်သူ ဦးသန်းမော်တို့ စကားများရန်ဖြစ်ရာမှ မိခင်ဖြစ်သူ ဒေါ်စန္ဒာအေးမှ ဖခင်ဖြစ်သူ ဦးသန်းဇော်အား ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ် ကြောင်း၊ ဖခင်ဖြစ်သူ ဦးသန်းဇော်အား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရပါသည်။

       ခက်ပွန်းဖြစ်သူ ဦးသန်းဇော် ကို သေဆုံးသည်အထိ ဓါးဖြင့်ထိုးသူ ဒေါ်စန္ဒာအေး ကို ဥပဒေအရအရေးယူပေးပါရန် မဂျူးဂျူးစံမှ တရားလိုပြု လုပ် တိုင်တန်းခဲ့ရာ နာ်မြေခံရဲတပ်ဖွဲ့မှ သက်သေများအားစစ်စစ်မေးခြင်းများဆောင်ရွက်ကာ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN