မြဝတီမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူ KNLAအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အရေးပါသောနေရာများကို ဖောက်ခွဲဖျက်ဆီးရန်နှင့် ၎င်းတို့ ပစ်မှတ်ထားသော ပုဂ္ဂိုလ်များကို သုတ်သင်ရှင်းလင်းသွားရန် စီစဥ်နေ

ဇူလိုင် ၁၄

     ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့သည်တစ်ဖက်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးပွားရေးလုပ်ဆောင်ရာတွင် အချက်အခြာကျသည့်မြို့ဖြစ်
သည့်အပြင် နှစ်နိုင်ငံအတွက်အရေးပါသည့်စီးပွားရေးမြို့တော်ဖြစ်ပါသည်။ ယခုအခါ၎င်းမြို့နှင့် အနီးတစ်ဝိုက်လှုပ်ရှားနေသော ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါဘော ဦးစီး အကြမ်းဖက်သောင်းကျန်းသူ KNLAအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့မတည်မငြိမ်ဖြစ်အောင် ကုန်သွယ်ရေးနှင့် လမ်းဆက်သွယ်ရေးနှင့်အခြားအရေးပါသောနေရာများကို အလစ်အငိုက်ယူ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ၎င်းတို့ ပစ်မှတ်ထားသော ပုဂ္ဂိုလ်များကို သုတ်သင်ရှင်းလင်းသွားရန် စီစဥ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။

         အဆိုပါ ၎င်းတို့ ဖောက်ခွဲဖျက်စွးရန် စီစဥ်ထားသော နေရာများမှာ ချစ်ကြည်ရေးတံတားနှစ်စင်း၊ ဦးကျော်ဟိန်း PTT ဆီဆိုင်နှစ်ဆိုင်၊ မြဝတီပြည်ခိုင်ဖြိုး ​ပါတီရုံး၊ ကရင်ဒီမိုကရက်တစ်ပါတီ
ဝင်ကိုစိုးနောင်အိမ်တို့ဖြစ်ကြပြီး သုတ်သင်ရှင်း လင်းသွားရန် စီစဥ်နေသည့် ပုဂ္ဂိုလ်များမှာ အမှတ်(၄)အုပ်ချုပ်ရေးမှူး၊ အမှတ်(၅)အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN

ဇူလိုင် ၁၄      ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့သည်တစ်ဖက်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးပွားရေးလုပ်ဆောင်ရာတွင် အချက်အခြာကျသည့်မြို့ဖြစ် သည့်အပြင် နှစ်နိုင်ငံအတွက်အရေးပါသည့်စီးပွားရေးမြို့တော်ဖြစ်ပါသည်။ ယခုအခါ၎င်းမြို့နှင့် အနီးတစ်ဝိုက်လှုပ်ရှားနေသော ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါဘော ဦးစီး အကြမ်းဖက်သောင်းကျန်းသူ KNLAအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့မတည်မငြိမ်ဖြစ်အောင် ကုန်သွယ်ရေးနှင့် လမ်းဆက်သွယ်ရေးနှင့်အခြားအရေးပါသောနေရာများကို အလစ်အငိုက်ယူ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ၎င်းတို့ ပစ်မှတ်ထားသော ပုဂ္ဂိုလ်များကို သုတ်သင်ရှင်းလင်းသွားရန် စီစဥ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။          အဆိုပါ ၎င်းတို့ ဖောက်ခွဲဖျက်စွးရန် စီစဥ်ထားသော နေရာများမှာ ချစ်ကြည်ရေးတံတားနှစ်စင်း၊ ဦးကျော်ဟိန်း PTT ဆီဆိုင်နှစ်ဆိုင်၊ မြဝတီပြည်ခိုင်ဖြိုး ​ပါတီရုံး၊ ကရင်ဒီမိုကရက်တစ်ပါတီဝင်ကိုစိုးနောင်အိမ်တို့ဖြစ်ကြပြီး သုတ်သင်ရှင်း လင်းသွားရန် စီစဥ်နေသည့် ပုဂ္ဂိုလ်များမှာ အမှတ်(၄)အုပ်ချုပ်ရေးမှူး၊ အမှတ်(၅)အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။