ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF အဖွဲ့သာလွန့်အင်အားနှင့် တပ်မ တော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွား၊ တပ်မတော်မှ လေကြောင်းပစ်ကူယူတိုက်ခိုက်

ဇူလိုင် ၁၂

     စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ နယ်၊ မြို့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေထိုင်လျှက်ရှိသော အကြမ်းဖက်သောင်းကျန်းသူ PDF များကို နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ယနေ့ မွန်းလွှဲပိုင်းတွင် သွား ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များကအင်အားအလုံးအရင်းဖြင့် ထပ်မံရောက်ရှိလာသည့်အတွက် ညနေ ၄ နာရီအချိန်ခန့်တွင် တစ်ကြိမ်၊ ညနေ ၆ နာရီအချိန်ခန့်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့်
လေကြောင်းပစ်ကူယူ၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     မြေပြင်သတင်းများအရ အကြမ်းဖက်သောင်း ကျန်းသူ PDF များ သေဆုံးမှု့ အများအပြားရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။
(အင်တာနက်လိုင်းမရ၍ ဓါတ်ပုံမှတ်တမ်းများ မရရှိပါ)

#PAN