ဘီးလင်းမြို့နယ်​၊ရန်​ကုန်​-​မော်​လမြိုင်​သွားကားလမ်းပေါ်ရှိ ကျုံအိတ်​တံတားရှိ လုံခြုံရေးအဖွဲ့ကိုအကြမ်းဖက်သောင်းကျန်းသူKNU တပ်​မဟာ( ၁ )နှင့်​ PDF ပူး​ပေါင်းအဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်

ဇူလိုင် ၁၂

     မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊ ဒုံဝန်း​ကျေးရွာ နှင့်​ရွှေ​ရောင်​ပြ​ကျေးရွာကြားဆက်​သွယ်​ထားသည်​ရန်​ကုန်​-​မော်​လမြိုင်​သွားကားလမ်း ( မိုင်​တိုင်​အမှတ်​( ၁၃၁ / ၆ ) နှင့်​( ၁၃၁ / ၇ )ဘီးလင်းမြို့နယ်​နှင့်​ သထုံမြို့နယ်​အစပ်​ရှိ ကျုံအိတ်​တံတားကို ယနေ့​ မွန်းလွှဲ​ ၁ နာရီအချိန်​ခန့်က အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ( ၁ )နှင့်​ PDF ပူး​ပေါင်းအဖွဲ့သည်​ ကျုံအိတ်​တံတားတွင် လုံခြုံ​ရေး​စောင့်​ကြပ်​ဆောင်​ရွက်​ပေး​နေ​သော တပ်​ပ်​ဖွဲ့ဝင်​များရှိသည်​ PPTT စက်​သုံးဆီဆိုင်​အ​ဟောင်းသို့ ၄၀ မမ ဗုံးသီး  ၆ လုံးပစ်​ခတ်​ခဲ့ကြောင်း သိရပါသည်။

     အဆိုပါပစ်​ခတ်​တိုက်​ခိုက်​မှု​ကြောင့်​လူထိခိုက်​ဒဏ်​ရာရရှိမှုမရှိပဲ လုံခြုံ​ရေးတပ်​ဖွဲ့များ၏​နေရာ အ​ဝေးသို့ ကျ​ရောက်​ပေါက်​ကွဲခဲ့​ကြောင်း သိရသည်။

      အဆိုပါ တံတားသည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်က အကြမ်းဖက်သောင်း ကျန်းသူ KNU တပ်​မဟာ( ၁ )နှင့်​ PDF ပူး​ပေါင်းအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက်ပိုင်း တံတားကို ပြန်လည်ပြုပြင်တည်ဆောက်ရေးဆောင်ရွက်နေမှုကို မကြာခဏ နှောက်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများပြုလုပ်လျှက်ရှိကြောင်း၊ KNU နှင့်​ PDF ပူး​ပေါင်းအဖွဲ့တို့သည် မြန်မာ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းပြုလုပ်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးပျက် ပြားပြီး နိုင်ငံစီးပွားရေကို ထိခိုက်စေရန် ရည်ရွယ် ၍ လုပ်ဆောင်နေကြောင်း သိရပါသည်။

#PAN