“အမေရိကန်လေတပ်ရဲ့ မဟာဗျူဟာမြောက် ကင်းထောက်လေယာဥ်များကို မိမိတို့နိုင်ငံ၏ လေပိုင်နက် အတွင်း ချိုးဖောက်ဝင် ရောက်ခဲ့ပါက ပစ်ချသွားမည်ကို အာမခံကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက သတိပေးပြောကြားခဲ့”

ဇူလိုင် ၁၀

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံလေတပ်ပိုင် ကင်းထောက် လေယာဥ်အမျိုးအစားများသည် ၎င်းတို့၏ လေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်ခဲ့ ပါက ချက်ချင်း ပစ်ချသွားမည်ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန် နိုင်ငံလေတပ် ပိုင် သူလျှိုလေယာဉ်များသည် ၎င်းတို့ နိုင်ငံ ၏ ဝေဟင်ပိုင်နက်ကို ချိုးဖောက်နေတယ်လို့ စွပ်စွဲထားပြီး ပစ်ချသွားမည်လို့လည်း သတိပေးပြော ဆိုခဲ့တာဖြစ်ပါတယ်။

လစ်သူယေးနီးယားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် NATO အဖွဲ့အစည်းကြီး၏ နှစ်ပတ်လည်နေ့ ထိပ်သီးအစည်းအဝေးပွဲကြီးအတွက် နေတိုး နိုင်ငံများ ၏ ခေါင်းဆောင်များ ယခုသီတင်းပတ်အတွင်း မတွေ့ဆုံမီအချိန် တွင်မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံသည် ကိုရီးယား ကျွန်းဆွယ်သို့မကြာသေးမှီအချိန်က နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းကို ယူဆောင်ခဲ့ပြီး ယခုအခါ ၎င်းတို့နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုးတန်း ဧရိယာများတွင် အမေရိကန် လေတပ်၏ သူလျှိုလေယာဉ်များ ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြားခဲ့ပါတယ်လို့ Korean Central News Agency သတင်းဌာနက ယနေ့ ဇူလိုင်လ ၁၀ရက် တနင်္လာနေ့တွင် ဖော်ပြ​ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလေတပ်ပိုင် ဒရုန်းများနှင့် သူလျှိုလေယာဉ်များသည် မြောက်ကိုရီးယား နိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက် ၈ ရက်ဆက်တိုက် ပျံသန်းခဲ့ကြောင်း နှင့် အဆိုပါ ကင်းထောက် လေယာဉ်များ သည် ၎င်းတို့နိုင်ငံ ၏လေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက် ခဲ့ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ အဆိုပါ သတင်းဌာနကဖော်ပြပြောဆိုထားပါတယ်။

“အမေရိကန်လေတပ်ရဲ့ မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ်များကို ပစ်ချတာ လိုမျိုး ထိတ်လန့်စရာကောင်းတဲ့ မတော်တဆမှုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ အာမခံချက်မရှိပါဘူး” လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြား ချက်ကို ကိုးကားပြီး ​သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။