




ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မန်ကျီးကန်ကျေးရွာအနီး နယ်မြေခံလုံခြုံရေးအဖွဲ့က တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ နယ်မြေရှင်းစဥ် ၎င်းနေရာတွင် အခြေပြုနေသည့် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။
ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်သောင်းကျန်းသူ PDF ၃ ဦးကို လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ အမ် ၂၂ ကျည် ၄၆ တောင့်၊ ၅.၅၆ မမကျည် ၁၀၃ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၇ လုံး၊လက်လုပ် ၄၀ မမဗုံးသီး ၁၂ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါသည်။
#PAN