နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ်သူ တစ်ဦးကို အမည်မသိ လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များက သေန်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၅    

      ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာအနီး၊နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေးတွင် ဖလံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမောင်ဌေး၊၅၅နှစ်၊(ဘ)ဦးသန်းဦး၊ဖလံကုန်းကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူတွင် အမည်၊အင်အား စိစစ်ဆဲ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များ၏ သေနတ်ဖြင်ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ယာနား ထင် နားနောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၄ချက်၊ယာဘက် နဖူး ဖောက်ထွက်ဒဏ်ရာ ၂ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၅ခု တွေ့ရှိရကြောင်း သိရှိ ရပါသည်။

       ဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ သေဆုံးသူ ဦးမောင်ဌေးသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့၊အမှတ်(၃) ရပ်ကွက်နေ အစ်ကိုဖြစ်သူ ဦးမြင့်အောင်၊၆၄နှစ်၊(ဘ)ဦးသန်းဦးအား တွေ့ဆုံရန် သွားရောက်ခဲ့ရာ ပြန်ရောက်မလာ၍ လိုက်ရှာရာမှ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း၊ဦးမောင်ဌေး စီးနင်းသွားသည့် ယာယီ ၅၀၆၈၈ နံပါတ်ပါ CLICK အမျိုးအစား၊အနက်ရောင်ဆိုင်ကယ် ၁စီး၊တန်ဘိုး သိန်း ၂၀ကျပ်ခန့်၊၎င်းကိုင်ဆောင်သော OPPO အမျိုးအစား လက်ကိုင်ဖုန်း၊တန်ဘိုး ၁ သိန်းခွဲကျပ်ခန့်တို့ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဖလံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမောင်ဌေး သည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီ ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ် ကြောင်း သိရပြီး ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်း ဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူ များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြ ကြောင်း သိရှိရပါသည်။

#PAN