“ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံအတွင်းကျူးကျော်ဝင်ရောက်လာသော ဒရုန်းများကို ပစ်ချရန်အတွက် ဗီယက်နမ်နိုင်ငံ နှင့် ထိစပ် နေသော နယ်စပ်ဒေသများကို စစ်တပ်များစေလွှတ်ထား”

ဇွန် ၂၉

ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန် က ၎င်း၏နိုင်ငံပိုင်နက်အတွင်း အမည်မသိဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း ​ထုတ်ပြန်ပြောဆို ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ထိစပ်နေသောနယ်စပ်ဒေသများ သို့ ကမ္ဘောဒီးယား စစ်တပ်များစေလွှတ်ရန် အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းတို့ နိုင်ငံ၏နယ်စပ်အနောက်မြောက်ပိုင်းရှိ Ratanakiri ဒေသအတွင်း ကျူးကျော်ဝင်ရောက်လာသည့် အမည်မသိ UAV များကို တိုက်ဖျက်နိုင်ရန်အတွက် လေကြောင်းရန် ကာကွယ်ရေး နှင့် လေယာဉ်ပစ်သေနတ်အလက် ၂၀၀ နှင့်အတူ စစ်သား ၅၀၀ကျော်တို့ကို အဆိုပါ ဒေသများသို့ စေလွှတ်နေရာချထားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ အမည်မသိ ရှုပ်ထွေးပွေလီသော ဒရုန်းများ၏ ပိုင်ရှင်မှာ မည်သူဖြစ်သည်ဆိုသော အဖြေမှာ လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်ပြီး အိမ်နီးချင်း လာအိုနှင့် ဗီယက်နမ်တို့က အဆိုပါ Drone များ နှင့် ပတ်သတ်ပြီး ပါဝင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထား ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက် ဗုဒ္ဓဟူးနေ့တွင် ​ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မောင်းသူမဲ့လေယာဉ်များကို ပစ်ချနိုင်သည့် မည်သည့်တပ်ဖွဲ့ကိုမဆို ကန်ဒေါ်လာ ၂၀၀,၀၀၀ ထိဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားပြီး အမည်မသိ မောင်းသူမဲ့လေယာဥ် အများအပြားသည် မကြာသေးမီရက်များ အတွင်း ကမ္ဘောဒီးယား နိုင်ငံ၏ နယ်နမိတ်အတွင်း ပျံသန်းခဲ့ကြကြောင်း သတင်းဌာနများ ကဖော်ပြထားကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ Mondulkiri ပြည်နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၇ရက် အင်္ဂါနေ့က အမည်မသိ ဒရုန်းအများအပြား ဝင်ရောက်လာသော်လည်း နိုင်ငံ၏ စစ်တပ်မှ စစ်သည်များက ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း ပျော့ညံ့ကြောင်း ၎င်းက ထပ်လောင်း သတိပေး ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *