အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် အရ စစ်ကိုင်းမြို့နယ်အတွင်း ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက် သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများနှင့် အကြမ်းဖက်သမားအလောင်းအချို့ သိမ်းဆည်းရရှိ

ဇွန် ၂၈

     စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာအနီး လက်နက် /ခဲယမ်းများနှင့်အတူ ခိုအောင်းနေသော အကြမ်း ဖက်အဖွဲ့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇွန် ၂၅ ရက်နေ့တွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ အလောင်းအချို့နှင့် လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၅၀၀၉ တောင့်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် အချို့သော အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး၍ စဉ့်ကိုင်ကျေးရွာအနီးတွင် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ခိုအောင်း လျက် ရှိကြောင်း အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံ ပြည်သူ အချို့၏ လျှို့ဝှက် ဆက်သွယ်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမား အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်း ဆည်း ရရှိခဲ့သည်။

       ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင် လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ သည် စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင် ကျေးရွာ၌ လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းနှင့် ဇွန် ၂၅ ရက်နေ့ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ တိုက်ခိုက်ချေမှုန်းရာတွင် ထွက်ပြေးလွတ်မြောက်လာသည့် အကြမ်းဖက်သမား များသည်လည်း ပူးပေါင်းအခြေပြုနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သဖြင့် ပိတ်ဆို့ရှင်းလင်းရေးအဖွဲ့က တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားအချို့၏ အလောင်း များနှင့် စနိုက်ပါသေနတ် ၁ လက်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း/ ဗုံးသီးများ၊ ကျည်အိမ်များ၊ ကျည် မျိုးစုံ ၁၄၁၂ တောင့်၊ ဒီတိုနေတာ ၁၀ ခု၊ လမ်းလျှောက် စကားပြောစက် ၆ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

       ထို့ပြင် ကျေးရွာအတွင်း ဖော်ထုတ်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွင်းမှ ရှော့တိုက်ဒုံးပစ်စင် ၄ ခု၊ လက်လုပ်ဗုံးသီး ၁၇ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၈ ခုနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

       ထိုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက် ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

     ဖြစ်စဉ်တွင် သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် အဆိုပါလက်နက်များကို ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်း အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါသည်။

#PAN