“ချီလီတွင် ဆယ်စုနှစ်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး ရာသီဥတုအခြေအနေများ ကြုံတွေ့နေရ”

ဇွန် ၂၇

ချီလီနိုင်ငံတွင် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရာသီဥတုဒဏ်များကို ကြုံတွေ့နေရပြီး မြစ်ချောင်းများ ကမ်းပါးပြိုကျကာ နေရာအနှံ့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အနည်းဆုံး လူ ၂ဦး သေဆုံးကာ ၃ဦး ပျောက်ဆုံးနေကြောင်း ချိီလီ နိုင်ငံ၏ အာဏာပိုင်များ ကပြောကြားခဲ့ တာဖြစ်ပါတယ်။

ချီလီနိုင်ငံ၏ သမ္မတ ဂါဘရီရယ် ဘောရစ်က အနည်းဆုံး လူပေါင်း ၄၁၉ ဦးထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၅ရက်နေ့က ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။

ချီလီနိုင်ငံ၏ Valparaiso မြို့ နှင့် Biobio ဒေသ၏ ဆိပ်ကမ်းမြို့များကို “သဘာဝဘေးအန္တရာယ်အခြေအနေများ” အဖြစ်ကြေငြာထားခဲ့ပြီး အဆိုပါ ပြင်းထန်သော ရာသီဥတု အခြေအနေများသည် အချိန်အတိုင်း အတာတစ်ခုအထိ ဆက်လက်ရှိနေဦး မှာလည်းဖြစ်တယ်လို့ ချီလီ နိုင်ငံ အာဏာ ပိုင်များက သတိပေး ထုတ်ပြန်ထား ပြီးလည်းဖြစ်ပါတယ်။

ချီလီနိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရာသီဥတု အခြေအနေများကို ကြုံတွေ့နေရပြီး ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် မြစ်များ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူအသေ အပျောက်များဖြစ်ပေါ်နေရတာလည်းဖြစ်ပါ
တယ်။

အဆိုပါ ရေလွှမ်းမိုးမှုများကြောင့်ချီလီနိုင်ငံ အတွင်းရှိ လမ်းများကို ပိတ်ဆို့ထားခဲ့ရပြီး ဆယ်စုနှစ် တစ်ခုအတွင်း နိုင်ငံ၏ အဆိုးရွားဆုံး ရာသီဥတု အခြေအနေများ အဖြစ် သတ်မှတ် ခံခဲ့ရတာ လည်းဖြစ်ပါတယ်။