ကန့်ဘလူမြို့နယ်တွင် အပြစ်မဲ့ပြည်သူ နှစ်ဦး လူသတ်အကြမ်းဖက် PDF များ ထောင်ထားသောမိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိ

ဇွန် ၂၆

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်၊ မယ်ဇလီကုန်းအုပ်စု၊ မြောက်ဝက်တိုးရွာနေ ဦးမင်းနိုင်၊ ၄၉ နှစ်၊ (ဘ)ဦးချစ်ရွှေ နှင့် ဦးအုန်းညွန့်၊ ၆၀ နှစ်၊(ဘ)ဦးချစ်မဲတို့သည် ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်ကယာခင်းထွန်ရန်သွားစဉ် ယာခင်းအနီးတွင် လူသတ်အကြမ်းဖက် PDF များ ထောင်ထားသောမိုင်းနင်းမိသဖြင့် ခြေထောက်နှင့် လက်မောင်းမျက်နှာတို့တွင် ဒဏ်ရာများရရှိခဲ့​ရာ ကန့်ဘလူ ပြည်သူ့ဆေးရုံ(ကုတင် ၁၀၀)တွင် ဆေးကုသခံယူလျှက်ရှိကြောင်းနှင့် နွားလေးကောင်မှာ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

   တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာ၊ရပ်ကွက်များတွင် ယခုလို မိုင်းထောင်းခြင်းကြောင့် အပြစ်မဲ့ပြည်သူများသာ ထိခိုက်ဒဏ်ရာရ၊သေဆုံးနေကြရကြောင်း သိရှိရပါသည်။

#PAN