မြန်အောင်မြို့နယ်အတွင်း အကြမ်းဖက် PDF များနှင့် ပတ်သက်ဆက်စပ်သော တရားခံပြေး ၆ ဦးတို့၏ နေအိမ်များကို ချိတ်ပိတ်သိမ်းဆည်း

ဇွန် ၂၅

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)အမှုတို့မှ ထွက်ပြေးတရားခံ ၆ ဦးတို့၏ နေအိမ်များကို လူသတ်အကြမ်းဖက် PDF အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်း ဆည်းခဲ့သော အိမ်များမှာ ဝင်းနိုင်(ခ) ငါးဖယ်ရုံ၏နေအိမ် ၁ လုံး၊ ဝင်းနိုင်(ခ)အာပဲ့၏နေအိမ် ၁ လုံး၊ ဟန်ဦး ၏ နေအိမ် ၁ လုံး၊ သန်းမင်းထွန်း ၏ နေအိမ် ၁ လုံး၊ ကျော်သူအောင် ၏နေအိမ် ၁ လုံး၊ဇော်မျိုးလင်း ၏နေအိမ် ၁ လုံးတို့ပါဝင်ကြောင်း သတင်းရရှိပါသည်။

#PAN