မဟာအောင်မြေမြို့နယ်တွင် လူငယ် ၄ ဦး လုံခြုံ ရေးရဲကင်းကို အော်ဟစ်ဆဲဆိုထွက်ပြေးရာ ရဲကင်းမှ ခြောက်လှန့်ပစ်ခတ်စဥ် လူငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရ

ဇွန် ၂၅

      ယမန်နေ့ ည ၁၁ နာရီ ၄၀ မီးနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်၊၃၅×၅၉ လမ်းထောင့်ရှိ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် အခြေပြုထားသည့် လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦး ကင်းတာဝန်ထမ်းဆောင်နေစဥ် ၃၅လမ်းအတိုင်း အနောက်မှ အရှေ့သို့ အမည်မသိ လူငယ် ၄ ဦးသည် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အော်ဟစ်ဆဲဆိုပြီး မောင်းနှင်ထွက်ပြေးသဖြင့် ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးက MA-3 သေနတ်ဖြင့် ၂ ချက်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသော အမည်မသိလူငယ် ၄ ဦးအနက် တစ်ဦးမှာ ကျည်ထိမှန်သွားကြောင်း သိရှိရသည့်အတွက် တာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ပါသည်။

      ထိုသို့ လိုက်လံစုံစမ်းခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သေနတ်ဒဏ်ရာဖြင့် လူတစ်ဦးရောက်ရှိလာကြောင်းသိရှိရ၍ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး မေးမြန်းရာ သေနတ်ဒဏ်ရာ ရရှိသူမှာ စိုင်းခန့်ကျော်၊၁၈နှစ်၊(ဘ)ဦးစိုင်းဝင်းကျော်၊၈၁လမ်း၊၃၂×၃၃ လမ်းကြား၊ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ယာ-လက်ဖျံ ရှပ်ထိဒဏ်ရာ ၁ ချက်၊ယာဘက် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာ ရရှိထားပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၊တာဝန်ကျဆရာဝန်မှ ဆေးကုသပေးလျက်ရှိကြောင်း သိရှိရပါသည်။

        ဖြစ်စဥ်မှာ ၎င်းတို့ ၄ ဦးသည် ချမ်းအေးသာစံမြို့နယ်၊၃၂လမ်း၊၆၈×၆၉လမ်းကြားရှိ CHEER BEER ဆိုင်မှ အရက်သေစာ သောက်စားမူးယစ်ပြီး ပြန်လာရာ စိုင်းခန့်ကျော်၊၁၈နှစ်၊(ဘ)ဦးစိုင်းဝင်းကျော်၊၈၁လမ်း၊၃၂×၃၃လမ်းကြား၊ချမ်းအေးသာစံမြို့နယ်နေသူနှင့်ကျော်ဆက်ဟန်၊၁၈နှစ်၊(ဘ)ဦးအောင်ထွန်း၊၃၁လမ်း၊၈၂×၈၃လမ်းကြား၊ချမ်းအေးသာစံမြို့နယ်နေသူတို့ ၂ ဦးမှာ MDY-58W/77649 စကိုဖီအနက်ရောင် ဆိုင်ကယ်ဖြင့်လည်းကောင်း၊စိုင်းခန့်၊၁၈နှစ်၊(ဘ)ဦးမိုးဦး၊၂၈×၂၉လမ်းကြား၊၇၁×၇၂လမ်းကြား၊ချမ်းအေးသာစံမြို့နယ်နေသူနှင့်ကောင်းစည်သူ၊၁၈နှစ်၊(ဘ)ဦးကြည်စိုးခိုင်၊၈၆လမ်း၊၄၂×၄၃ လမ်းကြား၊မဟာအောင်မြေမြို့နယ်နေသူတို့ ၂ဦးမှာ ၄၆ယ/၉၂၆၄၂ ကလစ်အနက်ရောင် ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဆိုင်ကယ် ၂စီးဖြင့် ၃၅လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာပြီး ရဲကင်းရှေ့အရောက်တွင် ကင်းတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အော်ဟစ်ဆဲဆိုကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးရာမှ ယခုလိုဖြစ်ပွားရကြောင်း သတင်းရရှိပါသည်။

#PAN