ကျောက်တံခါးမြို့နယ်အတွင် အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သာမန်ပြည်သူ၁၄ နှစ်အရွယ် ကလေး ၃ ဦးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရ

ဇွန် ၂၅

      ယမန်နေ့ နံနက် ၃ နာရီချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အနန်းဘော်ကျေးရွာ အတွင်းသို့ လူသတ် အကြမ်းဖက် PDF အဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ)က Drop Bomb ၁ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာနေ သာမန်ပြည်သူ ဦးစိုးကြည်၊ ၆၃နှစ်၊ (ဘ)ဦးသောင်းရွှေ၊ (ဗမာ/ဗုဒ္ဓ၊ မှီခို၊အနန်းဘော်ကျေးရွာ၊ ပဲနွယ်ကုန်းမြို့)တွင် ယာဘက်ခါးရိုး ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရပါသည်။

       အလားတူ ယနေ့ နံနက် ၁နာရီချိန်ခန့်တွင် ကျောက်တံခါးမြိုနယ်၊ သမင်အင်းကုန်းကျေးရွာ အုပ်စု၊ သမင်အင်းကုန်းကျေးရွာအတွင်းသို့  အကြမ်းဖက်သောင်းကျန်းသူ KNLAနှင့် PDF ပူးပေါင်းအဖွဲက Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့ရာ မောင်ဉာဏ်လင်းထွန်း၊ ၁၄ နှစ် ၊ မောင်ဖြိုးဝေလင်း၊၁၄ နှစ်၊ မဖြူနှင်းသန့်၊ ၁၄ နှစ်တို့မှာ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN