ကျောက်ကြီး နတ်သံကွင်းလမ်းပိုင်း တံတား၂ စင်းကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖောက်ခွဲဖျက်စီသဖြင့်ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှု့ရပ်တန့်

ဇွန် ၂၅

      ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်းရှိ တံတားအတို နှစ်စင်းကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ ည ၉ နာရီမှ ၁၁ နာရီအချိန်အတွင်း ဖောက်ခွဲဖျက်စီးသွားခဲ့ကြောင်း သိရပါသည်။

     အဆိုပါလမ်းပိုင်းမှ နတ်သံကွင်းမြို့အထွက်ရှိ ဘုံသတောတံတားကို ယ္ခင် ၅လပိုင်း ပထမအပတ်အတွင်းက ဖောက်ခွဲဖျက်စီးခဲ့ပါသည်။ ထိုသို့ တံတားများပျက်စီးပြီး ဖြတ်သန်းသွားလာခြင်းမပြုနိာင်သည့်အတွက် ကျောက်ကြီး နတ်သံကွင်း စျေးရောင်းစျေးဝယ် ခရီးသွားပြည်သူများ ရှေဆက်သွားလို့ မရတော့ဘဲ ဒေသထွက်ကုန်များ ကူးသန်းရောင်းဝယ်၍ မရတော့ကြောင်း၊ ဒေသအတွင်းကုန်စျေးနှုန်းများတက်လာပြီး ဒေသခံပြည်သူများအနေဖြင့် အခက်အခဲတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN