“တရုတ်နိုင်ငံရှိ BBQ စားသောက်ဆိုင်တစ်ခုတွင် ဂတ်စ်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ရ”

ဇွန် ၂၃

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Ningxia ဒေသအတွင်းရှိ BBQ အသားကင်ဆိုင်တွင် ပြီးခဲ့သည့် ဇွန်လ ၂၁ရက်နေ့ ဗုဒ္ဓဟူးနေ့ညက ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး​လူ ၃၁ ဦးထိ သေဆုံးခဲ့ရကြောင်း နိုင်ငံပိုင် ဆင်ဟွာ(Xinhua) သတင်းဌာနမှ ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ မကြာသေးမီနှစ်များအတွင်း လူသေဆုံးမှုအများဆုံး စားသောက် ဆိုင်ပေါက်ကွဲမှုကြီး တစ်ခုအဖြစ် ဖြစ်ပွားခဲ့ရ တာဖြစ်ကြောင်း အဆိုပါ သတင်းဌာန က ထပ်လောင်းပြောကြားထားတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း Ningxia ဒေသတွင် နှစ်ပေါင်းများစွာအတွင်း လူအသေအပျောက် အများဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရတာဖြစ်ပြီး Yinchuanမြို့ အတွင်းရှိ နှစ်ထပ်တိုက် စားသောက်ဆိုင်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲခဲ့မှု နှင့် ပတ်သက်ပြီး လူ၉ ဦးကို ဖမ်းဆီးထား လိုက်ကြောင်း သတင်းဌာနများ ကဖော်ပြထားကြပါတယ်။

ကျောင်းသား/ ကျောင်းသူ များနှင့် ပင်စင်စား အများအပြား အဆိုပါ ပေါက်ကွဲမှုကြောက့် သေဆုံးခဲ့ရပြီး လူအချို့မှာ မီးလောင် ဒဏ်ရာများနှင့် ဒဏ်ရာများပြင်း ထန်စွာရရှိခဲ့သောကြောင့် ဆေးကုသမှု ခံယူနေရသူ ၇ဦးထိ ရှိကြောင်း လည်း သတင်းဌာနများ ကဖော်ပြထား ပါသေးတယ်။