ဆိုင်ကလုန်း‘‘မိုခါ’’ဘေးသင့်ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံ၊ Superior Agro Crops PVT. LTD မှ အလှူငွေများ လာရောက်လှူဒါန်း

ဇွန် ၂၃

       ဆိုင်ကလုန်း ‘‘မိုခါ’’ဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကာ အိန္ဒိယနိုင်ငံ၊ Superior Agro Crops PVT. LTD ၏ ဥက္ကဋ္ဌ Mr. Vikas Gupta မှ ရူပီး (၁၀၀,၀၀၀) အား နယူးဒေလီမြို့၊ မြန်မာသံရုံးသို့ ၂၁-၆-၂၀၂၃ ရက်တွင် လာရောက်ပေးအပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် မှ အလှူငွေများ လက်ခံရယူခဲ့ ပါသည်။

      သံအမတ်ကြီးမှ  မုန်တိုင်းဒဏ်သင့် ပြည်သူ များအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား  ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN