ရေးမြို့နယ်၊ လမိုင်းမြို့၊မော်လမြိုင်- ရေးသွား ကားလမ်းမကြီးပေါ်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNLAတပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့က ခရီးသွားမော်တော်ယာဉ်များကို တားဆီးစစ်ဆေးမှုများဆက်လက်ပြုလုပ်

ဇွန် ၂၂

       မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့၊ လိမ္မော်ခြံကျေးရွာနှင့် ဘေးလမိုင်းကျေးရွာကြား နှစ်ကရင်ကျေးရွာသွားလမ်းဆုံ၊မော်လမြိုင် – ရေးသွား ကားလမ်းမကြီးပေါ်၌ အကြမ်းဖက်သောင်း ကျန်းသူ KNLAတပ်မဟာ(၆)နှင့် PDF ပူးပေါင်း အင်အား ၄၀ဦးခန့်သည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှ ၁၃၀၀ချိန်ထိ ခရီးသွားမော်တော် ယာဉ်များကို တားဆီးရပ်တန့်ခိုင်း၍ မှတ်ပုံတင်စစ်ဆေးခြင်း၊ တပ်၊ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းပါရှိမှုရှိမရှိ တို့အား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

    အကြမ်းဖက်သောင်း ကျန်းသူ KNLA တပ်မ ဟာ(၆) နှင့် PDF ပူးပေါင်းအဖွဲ့များသည် မော်လမြိုင် – ရေးသွား ကားလမ်းမကြီးပေါ်တွင် နေ့စဥ် ဆိုသလို ခရီးသွား မော်တော်ယာဉ်များကို တား ဆီး၍ စစ်ဆေးခြင်းများပြုလုပ်နေကြကြောင်း၊ ထိုသို့ နေစဥ်ဆက်တိုက် တားဆီးစစ်ဆေးမှုများပြုလုပ်နေခြင်းအပေါ် ခရီးသွားပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေ
ကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ခရီးသွားရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

#PAN