မြောက်ဥက္ကလာပမြို့နယ် “မြတ်မောင်”စိန်ရွှေရတနာဆိုင်ဓားပြတိုက်လုယက်မှုမှ ထွက်​ပြေးတရားခံများကို ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိ

ဇွန် ၂၂

       မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်ဓားပြတိုက်လုယက်မှုမှ ထွက်​ပြေးတရားခံ ဝီလျှံထိုက်၊ နိူင်လင်းအောင်(ခ)ငထိုက်၊ ခိုင်ခန့်​ဇော်တို့ ၃ ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အ​ပြောင်​ကျေးရွာအုပ်စု၊ အ​ပြောင်ရွာ ၂၅​ ပေ​ချောင်းတန်းရှိ ဦးလှသိန်း ပိုင်ဆိုင်သည့် ရဲမာန်ဟိန်းဆန်စက်တွင်​ရောက်ရှိ​နေ​ကြောင်း တာဝန်သိပြည်သူများ ၏ သတင်းပေးမှုအရ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့တို့က ယနေ့ ညနေ ၅ နာရီ ၅၀ မီးနစ်အချိန်တွင် ၀င်​ရောက်ရှာ​ဖွေရာ ဆန်စက်​ဘေး တဲအတွင်းမှ အဆိုပါ တရားခံ ၃ဉီးနှင့်အတူ SIS ပစ္စတို ၁လက်၊ ကျည်အိမ် ၂ခု၊ Kuzey ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၇​တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ လူသတ်အကြမ်းဖက်အဖွဲ့များကို ပြည်သူလူထုအတွင်း ရောနှော ခြေရာဖျောက်နေကြပြီး ၎င်းတို့ အထက်ပြည်ပရောက် အကြမ်း ဖက်လုပ်ငန်းများကို ညွှန်ကြားနေသည့် NUG ၏ အမိန့်များဖြင့် လက်နက်မဲ့ပြည်သူများကို ပစမှတ်ထား သတ်ဖြတ်နေကြကြောင်း၊ ယခုအခါ အေးချမ်းစွာနေလိုသော ပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့ဘဲ ၎င်းတို့၏ သတင်းများကို နယ်မြေခံလုံခြုံရေးအဖွဲ့သို့ ပေးပို့ပြီး ဖမ်းဆီးရမိရေး ဝိုင်းဝန်ကူညီဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။

#PAN