“အမေရိကတိုက် အလယ်ပိုင်း ဟွန်ဒူးရပ်စ် နိုင်ငံအတွင်းရှိ အကျဥ်းထောင် တစ်ခုတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၄၁ဦးသေဆုံးခဲ့”

ဇွန် ၂၁

အမေရိကတိုက် အလယ်ပိုင်းရှိ ဟွန်ဒူးရပ်စ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်တစ်ခုတွင် အကျဥ်းသားများ ပြီးခဲ့သည် ဇွန်လ ၂၀ရက်နေ့ကအဓိကရုဏ်း များဖြစ်ပွားခဲ့ပြီး အဆိုပါ အကျဥ်းထောင်မှ အမျိုးသမီး ၄၁ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာ၊ ဓားထိုးဒဏ်ရာ၊ မီးရှို့အသတ်ခံခြင်းများ ဖြစ်ပေါ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါ အကြမ်းဖက်မှုများအပေါ် ဟွန်ဒူးရပ်စ် နိုင်ငံ၏ သမ္မတ က နိုင်ငံအတွင်းရှိ လူဆိုး ဂိုဏ်းများ ကို အပြစ်ပုံချ ပြောဆိုထား တာလည်း ဖြစ်ပါတယ်။

အကျဥ်းထောင် အဓိကရုဏ်းအတွင်း အနည်းဆုံး အကျဉ်းသား ၇နှစ်ဦးထက်မနည်း ပစ်ခတ်ခံရမှု သို့မဟုတ် ဓားဒဏ်ရာများကြောင့် သေဆုံးခဲ့ ကြရပြီး ၂၆ ဦး မှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ရ တာလည်း ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံ၏ မြို့တော် Tegucigalpa မြို့မှ ကီလိုမီတာ ၅၀ အကွာတွင်တည်ရှိသော Tamara အမည်ရှိ အကျဉ်းထောင်မှ ဗီဒီယိုဖိုင်များတွင် ပစ္စတိုများ နှင့် ဓားရှည်များ အပါအဝင် ဓားလက်နက် များဖြင့် အကျဥ်းသားများ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး အမျိုးသမီး အကျဥ်းသား များသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဟွန်ဒူးရပ်စ်နိုင်ငံ အမျိုးသားရဲဌာ၏ စုံစမ်း စစ်ဆေးရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Yuri Mora က ယနေ့ ဇွန်လ ၂၁ရက်နေ့ တွင်ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် “အလောင်းတွေကို စစ်ဆေးတဲ့ မှုခင်းဆေးပညာအဖွဲ့တွေက ၄၁ ဦး ထိသေဆုံးတယ်လို့ရေတွက်ပြီးကြောင်း အတည်ပြုခဲ့ပါတယ်” လို့ Mora က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။