မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက်မျောပါနေသော  ကုန်တင်ရေယာဉ် တစ်စီးအား တပ်မတော် (ရေ)မှ ကူညီကယ်ဆယ်

ဇွန် ၂၀

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် (ရေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဇွန် ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ၃၀ မိုင် ခန့်အကွာရှိ မြန့်မာပင်လယ်အတွင်း၌ ကုန်တင်ရေယာဉ် တစ်စီး စက်ပျက်မျောပါနေကြောင်း သတင်းအရသွားရောက်ရှာဖွေရာ စက်ပျက်၍မျောပါနေသည့် MV ရွှေနန်းရှင် အမည်ရှိ ကုန်တင်ရေယာဉ်အား ရေယာဉ် အမှုထမ်း ၁၇ ဦးနှင့်အတူတွေ့ရှိခဲ့သဖြင့် ၎င်းကုန်တင် ရေယာဉ်အား တွဲဆွဲ၍ ကျောက်ဖြူမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။