ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းကြဲဆန္ဒပြတဲ့သူနေအိမ်မှ လက်လုပ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဇွန် ၁၉

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အဂတိလိုက်စားမှုအပါအဝင်
အခြားပြစ်မှုများစွာဖြင့် ထောင်ကျနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းကြဲဆန္ဒပြတဲ့သူ ပြည့်ဖြိုးအောင် ဆိုသူကို ဖမ်းဆီးထိန်းသိမ်းပြီး ၎င်း၏ နေအိမ်တွင် ရှာဖွေစစ်ဆေးရာမှ လက်လုပ်ဗုံးနှစ်လုံး ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါသည်။

    ဖမ်းဆီးရမိသူ ပြည့်ဖြိုးအောင်၏ ၎င်းနေထိုင်ရာ မင်္ဂလာဒုံမြို့၊ ပတ္တမြားရပ်ကွက်၊ မြအေးချမ်းလမ်းမှာရှိတဲ့ အမှတ် ၈၂-က၊ ဒေါ်စိန်မြိုင်အဆောင်ကို ဝင်ရောက်ရှာဖွေရာမှာ အဝတ်အစားတွေထဲကနေ PVC ပိုဒ်နဲ့ ပြုလုပ်ထားသည့် လက် လုပ်ဗုံး နှစ် လုံး၊ ဝါယာကြိုးနှင့် ဆားကစ်ပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

        အဆိုပါ ပြည့်ဖြိုးအောင် ဆိုသူကို မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ကျောက်စိမ်းလမ်းမှာရှိတဲ့ ပတ္တမြားစျေးအတွင်းကနေ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ပန်းကြဲဆန္ဒပြနေစဥ် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းစီးရမိခဲ့ခြင်း ဖြစ်ပါသည်။

#PAN