လူငယ် နှစ်ဦး လယ်တဲ၌ အရက်သောက်ရင်း အချင်းချင်း စကားများရန်ဖြစ်ရာမှ တူမီးသေ နတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

ဇွန် ၁၈

    ယနေ့ ည ၇ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊မိုင်းကိုးကျေး ရွာအုပ်စု၊ဟိုပုံးကျေးရွာ အနီးရှိ လယ်တဲပေါ်၌  ဆီလီငေါက်ကျေးရွာနေ   စိုင်းဦးခွမ်၊ ၂၃ နှစ်နှင့်  ပန်ဟတ်ကျေးရွာနေ စိုင်းလုံပွတ်၊၂၆နှစ် တို့ နှစ်ဦးသည်  အတူတူ အရက်သောက်စားနေရာမှ စကားများရန်ဖြစ်ကာ အနီးရှိတူမီးသေနတ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

    စကားများရန်ဖြစ်၍ စိုင်းလုံပွတ် က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စိုင်းဦးခွမ်၏ ရင်ဘတ် ဝဲဖက်ရင်အုံ၌ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ ၄င်းမှဓားဖြင့်ပြန်ခုတ်ကာ၀င်ရောက်လုံးထွေးခြင်းကြောင့် စိုင်းလုံပွတ်တွင် ခါးနှင့် ယာဖက်ပါးတွင် ဓားဒဏ်ရာ ရရှိသွားကြောင်း၊ ရွှေမယ်ယန်းပရဟိတ အသင်းပိုင် မော်တော်ယာဥ်ဖြင့် တာချီလိတ်ခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN