ဘီးလင်းမြို့နယ်​၊အောင်​ဆန်းမြို့သစ်​ရှိ​မြေယာစီမံကိန်း(​ခေတ္တရုံး)ကို PDF အမည်ခံအကြမ်းဖက်​များက လက်​လုပ်​မိုင်းဖြင့်​လာ​ရောက်​ဖောက်​ခွဲ

ဇွန် ၁၈

     ယနေ့ ညနေ ၆ နာရီခွဲအချိန်​က မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ဘီးလင်းမြို့နယ်​၊​တောင်​စွန်း​ကျေးရွာအုပ်​စု၊ ရွှေကန်​နောင်​ရပ်​ကွက်​ရှိ​ အောင်​ဆန်းမြို့သစ်​တွင်​ PDF အမည်ခံအကြမ်းဖက်​များက အောင်​ဆန်းမြို့သစ်​ရှိ​မြေယာစီမံကိန်း(​ခေတ္တရုံး)၏​ရေကန်​အနီးတွင်​ လက်​လုပ်​မိုင်းဖြင့်​လာ​ရောက်​ဖောက်​ခွဲခဲ့ရာ​ မြေယာစီမံကိန်းရုံးအဆောက်အဦမှာ ပျက်စီးသွားပြီး လူထိခိုက်​မှုမရှိခဲ့​ကြောင်း သိရှိရပါသည်။

       မြေယာစီမံကိန်းရုံးတွင်​ နောက်​ထပ်​လက်​လုပ်​မိုင်း ၃ လုံးထပ်​မံ​တွေ့ရှိခဲ့သဖြင့်​ ဘီးလင်းမြို့နယ်​လုံခြုံ​ရေးတပ်​ဖွဲ့များ​ရောက်​ရှိလာပြီး ၎င်းဗုံးများအား သက်​မဲ့ပြုလုပ်​ပေးခဲ့​ကြောင်း၊ အဆိုပါ မြို့သစ်​စီမံကိန်း(​ခေတ္တရုံး)ကို PDF အမည်ခံအကြမ်းဖက်​သမားများက ယခုတစ်​ကြိမ်​အပါ အဝင် ၃ ကြိမ် လာ​ရောက်​ဖောက်​ခွဲခဲ့​ကြောင်း သတင်းရရှိပါသည်​။

#PAN