UNWTO ၏ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်ရေး နိုင်ငံတကာကျင့်ထုံး ဥပဒေဆိုင်ရာ ညီလာခံ၊ (၃၅) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲ ကော်မရှင်အစည်းအဝေးနှင့် (၅၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင် အစည်းအဝေးများသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

ဇွန် ၁၇

     ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နှင့် (၁၆)ရက်များတွင် ဖနောင်ပင်မြို့ရှိ SOKHA Phnom Penh ဟိုတယ်၌ ကျင်းပခဲ့သည့် UNWTO ၏ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်ရေး နိုင်ငံတကာကျင့်ထုံး ဥပဒေဆိုင်ရာညီလာခံ (Conference on the International Code for the Protection of Tourists–ICPT )၊ (၃၅) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများ အတွက် ပူးတွဲကော်မရှင် အစည်းအဝေးနှင့် (၅၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်အစည်းအဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်ခဲ့ပါသည်။

       ၁၅-၆-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် ICPT ညီလာခံသို့ တက်ရောက်စဉ် UNWTO- Asia Pacific ညွှန်ကြားရေးမှူးက ICPT အား ပထမဆုံး ထောက်ခံသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း ညီလာခံသို့ အထူးတလည် အသိပေးပြောကြားခဲ့ပါသည်။

       ၁၆-၆-၂၀၂၃ ရက် (နံနက်ပိုင်း)တွင် ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေး၌ မြန်မာ သံအမတ်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလမတိုင်မီကတည်းကပင် မြန်မာနိုင်ငံခရီးသွား ဥပဒေနှင့် ခရီးသွားများ၏ စားသုံးသူအခွင့်အရေး ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေအစရှိသည် တို့ဖြင့်  ကမ္ဘာလှည့်ခရီးသွားများကို အကာအကွယ်ပေးခဲ့ပုံများ၊ ကိုဗစ်ကာလအလွန်တွင်လည်း အရေးပေါ် ကာလအခြေအနေတွင် ကမ္ဘာလှည်ခရီးသွားများ အပြည့်အဝ ကာကွယ်ပေးနိုင်ရန် အတွက် ပြည်တွင်း၌ မူဝါဒများနှင့် ဥပဒေများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် UNWTO  နှင့်သာမက အဖွဲ့ဝင်များအားလုံးနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

       ထို့နောက် သံအမတ်ကြီးသည် ၁၆-၆-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၅၅) ကြိမ်မြောက်၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်အစည်းအဝေး သို့လည်း ပါဝင်တက်ရောက်ခဲ့ပြီး UNWTO အရှေ့အာရှပစိဖိတ်ဒေသများ အုပ်စု၏ အမှုဆောင်ကောင်စီအဖွဲ့ဝင် (၂၀၂၃- ၂၀၂၇) လစ်လပ်နေရာ ရွေးချယ်မှုအပါအဝင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်၏ ကဏ္ဍအလိုက် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်မှုများကို မြန်မာနိုင်ငံ ကိုယ်စားပြု ဆန္ဒမဲပေးရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN