လူသတ်အကြမ်းဖက် KKO(ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ဗုံးစထိမှန်ပြီး ဒါဏ်ရာများစွာ ရရှိခဲ့

ဇွန် ၁၆

      ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် KKO(ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ အခြေစိုက်  ခလရ(၉၇)တပ်သို့ ၆၀ မမစိန်ပြောင်းဖြင့် ၅ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊အမှတ် (၇)ရပ်ကွက်၊ဗောဓိကုန်းအနီးတဝိုက်ရှိ ဝန်ထမ်းအိမ်ရာရှိရာ ဂန္ဓမာဘက်လမ်းသို့ ဗုံးသီးကျ ရောက်ပေါက်ကွဲခဲ့ပါသည်။

    ထိုသို့ပေါက်ကွဲမှုကြောင့် ဒေါ်မေစန္ဒာမြင့်၊ ၃၇ နှစ်၊ (ဘ)ဦးဖေမြင့် မှာ ဝဲ​နားနောက်၊ ကျောကုန်း၊ ဝဲ/ယာတင်ပါး၊ဝဲ/ယာပေါင်၊ဝဲခြေသလုံး၊မိန်းမအင်္ဂါယာဘက်ခြမ်း တို့တွင် ဗုံးစထိမှန်ပြီး ဒါဏ်ရာများစွာရရှိခဲ့ကြောင်း၊၎င်းလူနာကို ခရိုင်ပြည်သူ့ဆေးရုံမှတစ်ဆင့် ဘားအံပြည်သူ့ကြီးသို့ဆေးရုံသို့ ဆက်လက်ပို့ဆောင် ကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN