ရွှေကူမြို့တွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များ၏ ခြိမ်း‌ခြောက်မှုများကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေကြရ

ဇွန် ၁၆

      ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့
နယ်၊အမှတ်(၁)ရပ်ကွက်ရှိ ခုံးခမ်းအလယ်တန်းကျောင်းတွင် ကိုယ်ထူကိုယ်ထတိုးချဲ့ စာသင်ဆောင်ကို ကျောင်းသားမိဘများက ‌ဆောက်လုပ်လျှက်ရှိရာ ၎င်းနေရာသို ယနေ့ ညနေ့ပိုင်းအချိန် တွင် ကျောင်းဝန်းအပြင်းဘက် လမ်းပေါ်မှ လူငယ် ၃ ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းဆောင် ဆောက်လုပ်နေသော ကျောင်းသာမိဘများကို မင်းအောင်လှိုင် နွားတွေ၊ ဘောမတွေ၊ စစ်တပ်ရဲ့ ကျွန်တွေ ပြောဆိုအော်ဟစ်ပြီး ဆဲဆိုသွား‌ကြောင်းသိရပါသည်။

       ရွှေကူမြို့နယ်ရှိ ကျေးရွားများတွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များကကျောင်းမဖွင်လှစ်ရန် ခြိမ်း‌ခြောက်ထားသဖြင့် ကျေးရွာများက ကျောင်းသား/သူများသည် ရွှေကူမြို့ပေါ်တွင်ဖွင်လှစ်ထားသော စာသင်ကျောင်း များတွင် စုပြုံကျောင်းထားကြသဖြင့် ကျောင်း
သားများအတွက် စာသင်ကြားရာ ‌နေရာအခက်ခဲဖြစ်ပေါ်နေသောကြောင့် ကျောင်းသား မိဘများနှင့် အလှူရှင်များကကိုယ်ထူကိုယ်ထ ကျောင်း ဆောင်များဆောက်လုပ် လှူဒါန်းပေးနေရကြောင်း၊အဆိုပါ ခြိမ်းခြောက်မှုများကြောင့်ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး ကို‌ စိုးရိမ်နေရကြောင်း ကျောင်းသားမိဘများ က PAN သို့ သတင်းပေးပို့လာပါသည်။

#PAN